ဇာတ်ကားများ ရွေးရန်

The Inescapable

2026ဇာတ်လမ်းတွဲ

ဒီတစ်ခါမှာတော့ ပရိတ်သတ်တို့ကို Mystery Mini Series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးက Mini Series ဆိုပေမဲ့ ဇာတ်အိမ်က အတော်လေးစိတ်ဝင်စားစရာကောင်းပြီး ကျောစိမ့်စေတဲ့ခံစားချက်မျိုး ရစေမှာပါ။ ဒီစီးရီးမှာ Mini Series ငွေကြယ်ပွင့်တွေဖြစ်ကြတဲ့ Guan Yue၊ Yang Yu Bin၊ Fu Rou Mei Qi တို့က ပါဝင်ထားပြီး Guan Yue ကတော့ သေဒဏ်ကျအကျဉ်းသားအဖြစ် သရုပ်ဆောင်ထားပါတယ်။ Guan Yue က mini series king လိုတောင်ဖြစ်နေတာမို့ သရုပ်ဆောင်ချက်ကတော့ ဆေးစက်ကျရာအရုပ်ထင်မှာ အသေချာပါပဲ။ ဇာတ်လမ်းအညွှန်း >>> အဆိပ်တောနက်ကြီးထဲမှာ တည်ရှိတဲ့ “ပိုင်ရှောင်းစံအိမ်တော်” ဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဘယ်သူမှမသွားလာဝံ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့နယ်မြေတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပိုင်ရှောင်းညစာစားပွဲ ကျင်းပခါနီးမှာ အိမ်တော်သခင်ဟာ ဘာအစအနမှမကျန်ဘဲ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲလိုနဲ့ ထူးဆန်းမှုတွေစတင်ဖြစ်ပွားလာပြီး မဖြစ်မနေစုံစမ်းရမဲ့အခြေအနေကို ရောက်လာပါတော့တယ်။ အဲအချိန်မှာ သေဒဏ်ကျခံထားရတဲ့ အကျဉ်းသား ယဲ့လီဟာ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ ကိုယ့်သဘောဆန္ဒအရ တာဝန်ယူခဲ့ပြီး တာ့လီဘုရားကျောင်းက အရာရှိ ဟွားချန်ခွင်းနဲ့ ပူးပေါင်းခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အမှုရဲ့အဓိကအချက်အချာနေရာကို ခြေစုံပစ်ဝင်ခဲ့ကြရာကနေ အိမ်တော်ရဲ့နောက်ကွယ်မှာဖုံးကွယ်ထားတဲ့ ကြီးမားလွန်းတဲ့လုပ်ကြံမှုအစီအစဉ်ကြီးတစ်ခုကို မထင်မှတ်ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲကနေစပြီး သူတို့အတွက်ပါ အသက်န္တရာယ်ရှိလာချိန်မှာတော့ အမှုရဲ့နောက်ကွယ်ကအမှန်တရားက ဘာလဲ၊ ပိုင်ရှောင်းစံအိမ်က ဘာလို့လျှို့ဝှက်ဆန်းကြယ်နယ်မြေဖြစ်နေရတာလဲ၊ အမြဲကျင်းပနေကျ ပိုင်ရှောင်းညစာစားပွဲဆိုတာကရော တကယ်ပဲဘာများလဲ...ဒီလိုသို့လောသို့လောပဟေဠိတွေကို ရှာဖွေဆက်စပ်ရမှာမို့ လျှို့ဝှက်ဆန်းကြယ်ချစ်သူတွေအတွက် ကြည့်ပျော်တဲ့စီးရီးလေးတစ်ခုပါပဲနော်! Quality : WEB-DL 1080p Total Episodes : 24 Format : mp4 Genres : Drama, Romance Runtime : 15 min

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း