ဇာတ်ကားများ ရွေးရန်

Doctor Sin

2026ဇာတ်လမ်းတွဲအမှတ် 8.5/10

Doctor Sin (2026) အပိုင်း 1 မှ 16 စ/ဆုံး လောင်မြိုက်ရမဲ့ ဇာတ်လမ်းတွေကိုမှ ကြိုက်နှစ်သက်သူများအတွက် Love ft. Marriage & Divorce , Durian's Affair တို့လို နာမည်ကြီးစီးရီးတွေရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဇာတ်ညွှန်းရေးဆရာမ အင်ဆောင်းဟန်ရဲ့ လက်ရာသစ်လေး ထွက်ရှိလာပါပြီ။ Main Cast များအနေနဲ့ Jung E-Chan , Baek Seora , An Woo-Yeon , Joo Se-Bin အစရှိတဲ့ မျက်နှာသစ် သရုပ်ဆောင်များက ပါဝင်သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - ပါရမီရှင် ဦးနှောက်ခွဲစိတ်ဆရာဝန် ရှင်းဂျူရှင်း (Jung E-Chan) ဟာ သူ့ရဲ့ချစ်သူဖြစ်တဲ့ ထိပ်တန်းမင်းသမီး မိုမို (Baek Seora)နဲ့ လက်ထပ်ဖို့ ပြင်ဆင်နေစဉ်မှာပဲ မိုမိုက မတော်တဆမှုတစ်ခုကြောင့် ခန္ဓာကိုယ်က အကောင်းပကတိရှိနေပေမဲ့ ဦးနှောက်ကတော့ လုံးဝ ပျက်စီးသွားခဲ့ရပါတယ်။ အိပ်ရာပေါ်မှာ သတိလစ်မေ့မြောနေတဲ့ သမီးလေးကို ဒီတိုင်း ကြည့်မနေနိုင်တော့တဲ့ မိုမို့အမေ ဟျွန်းရန်ဟီးက သူ့ရဲ့ ကိုယ်ပိုင်ဘဝကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဂျူရှင်းကလည်း သူ့ချစ်သူကို ကယ်တင်ဖို့အတွက် ဦးနှောက်လဲလှယ်ခြင်း ခွဲစိတ်မှုကို လုပ်ဖို့ စိန်ခေါ်လိုက်တဲ့အခါမှာတော့... တကယ်ပဲ ကိုယ်ချစ်ရတဲ့သူရဲ့ ခန္ဓာကိုယ်ထဲမှာ တခြားဝိညာဉ် ဝင်ရောက်သွားတဲ့အခါ ဘယ်အရာကို ဦးစားပေး ရွေးချယ်မိမှာလဲ... အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တားမြစ်ချက်ကို ချိုးဖောက်မိသူတွေရဲ့ ပျက်စီးခြင်းအကျိုးဆက်တွေက ဘာတွေဖြစ်နေမလဲ... ဆရာမ အင်ဆောင်းဟန်ရဲ့ ထူးခြားချက်အတိုင်း ခန့်မှန်းရခက်တဲ့ အလှည့်အပြောင်းတွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဒရမ်မာလေးဖြစ်တာကြောင့် အပတ်စဉ် စနေ ၊ တနင်္ဂနွေနေ့တိုင်း စောင့်မျှော်အားပေးကြပါဦးနော်။ Episodes: 16 Aired: Mar 14, 2026 - May 3, 2026 Aired On: Saturday, Sunday Original Network: TV Chosun Duration: 60 min Genre: Thriller, Drama, Mystery, Sci-Fi Subtitle: Myanmar Subtitle (Hardsub)

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း