Reborn in 2000: Crush on My Deskmate
သာကျာ့ဟောင်! ဒီတစ်ခါတော့ Fantasy Mini Series လေးဖြစ်တဲ့ အချိန်ခရီးသွားဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးက System ပုံစံ အချိန်ခရီးသွားတာမျိုးဖြစ်တဲ့အပြင် ငယ်ချစ်ဦးလေးနဲ့ နီးစပ်သွားတာမျိုးလေးမို့ ကြည့်ရင်း ကလိကလိအူယားရမှာ အမှန်ပါပဲ။ ဒီစီးရီးလေးမှာ Jiang Yi Ming နဲ့ Ji Shu Yi တို့က အဓိကပါဝင်ထားပါတယ်။ ချိုချိုအီအီချစ်စရာ Mini Series လေးမို့ C drama fan တို့အတွက် ကြည့်ချင်စရာဇာတ်လမ်းလေးပါပဲနော်! ဇာတ်လမ်းအညွှန်း >>> ကုမရတော့တဲ့ဝေဒနာကိုခံစားနေရတဲ့ ချန်ဖန်းဟာ မထင်မှတ်ဘဲ အတိတ်ကိုပြန်လည်ရောက်ရှိသွားပြီး ၂၀၀၀ ပြည့်နှစ်မှာ ပြန်လည်နိုးထလာခဲ့ပါတယ်။ အဲဒီမှာ အရင်ဘဝတုန်းက ယာဉ်မတော်တဆမှုနဲ့သေဆုံးသွားခဲ့ရတဲ့ သူအမြတ်နိုးဆုံး ငယ်ချစ်ဦးလေးဖြစ်သလို ကျောင်းရဲ့အလှပဂေးလေးဖြစ်တဲ့ အတန်းဖော် စူးရော့ချူးကို ပြန်လည်တွေ့မြင်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့်မို့ အတိတ်က နောင်တတွေကိုအစားထိုးဖို့အတွက် ချန်ဖန်းဟာ ဘာမှမရှိတဲ့ဘဝကနေ စီးပွားရေးအင်ပါယာကြီးတစ်ခုတည်ထောင်နိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူအချစ်ဆုံးမိန်းကလေးအတွက် အကောင်းဆုံးသောအချစ်နဲ့ ပြည့်စုံတဲ့အနာဂတ်တစ်ခုကိုပေးနိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အဆုံးသတ်သိပြီးသားစာအုပ်ဟာ အရင်လိုပဲ အဆုံးသတ်တူနေမှာလား၊ ချန်ဖန်းတစ်ယောက် အရင်ခေတ်ကနေ လက်ရှိခေတ်ကိုပြန်ရောက်လာချိန် ငယ်ချစ်ဦးလေးကရော အတူပါလာမှာလား၊ တစ်ခါဆုံးရှုံးခဲ့ဖူးတဲ့နှလုံးသားငယ်ဟာ ချစ်ခရီးလမ်းကို ချောမွေ့စွာဖြတ်သန်းနိုင်မှာလား...ဒီလိုစိတ်ဝင်စားစရာလေးတွေကြား သကြားလုံးလိုချိုမြမြအချစ်ဇာတ်လမ်းလေးကို ကြည့်ချင်ရင်တော့ ဒီစီးရီးလေးက အသင့်တော်ဆုံးပါပဲနော်! Quality : WEB-DL 1080p Total Episodes : 20 Format : mp4 Genres : Drama, Romance Runtime : 15 min
အပိုင်းများ
20 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း