ဇာတ်ကားများ ရွေးရန်

Amar Vishwas

2026ဇာတ်လမ်းတွဲအမှတ် 5.3/10

Amar Vishwas (2026) အာမားဗစ်ရှ်ဝါးစ် Season 1 ရှေ့နေဇာတ်လမ်း၊ စုံထောက်ဇာတ်လမ်းကြိုက်နှစ်သက်သူတွေအတွက် Amazon MX ရဲ့ အသစ်ထွက်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မွန်ဘိုင်းမြို့က နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူ ဂျက်ဆူးမိုမင်ဟာ ဟိုတယ်ခန်းတစ်ခုထဲမှာ အသ-တ်ခံလိုက်ရပါတယ်။ ဒီအမှုမှာ သူနဲ့ဟိုတယ်ခန်းထဲမှာအတူရှိနေခဲ့တဲ့ ဘာဟာဆိုတဲ့မိန်းကလေးကို လူသ-တ်သမားအဖြစ် မီဒီယာတွေနဲ့ လူထုက တထိုင်တည်း ကောက်ချက်ချလိုက်ကြပါတယ်။ အားလုံးက ဒီအမှုကို ပြီးသွားပြီလို့ ထင်နေကြချိန်မှာပဲ ဉာဏ်များတယ်လို့နာမည်ကြီးတဲ့ ရှေ့နေ အာမားဗစ်ရှ်ဝါးစ်က ဘာဟာ့ဘက်ကနေ အခမဲ့ လိုက်ပါကူညီဖို့ ရောက်ရှိလာပါတယ်။အာမားဟာ အမှုရဲ့ အပေါ်ယံ အချက်အလက်တွေနောက်မှာ ဖုံးကွယ်နေတဲ့ လှည့်ဖျားမှုတွေ၊ အာဏာရှိသူတွေရဲ့ ကြိုးကိုင်မှုတွေကို တဖြည်းဖြည်း ချပြရင်း တကယ့်တရားခံအစစ်ကို ရှာဖွေပုံကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးပုံဖော်ပြထားပါတယ်။ File Size – 600MB(Appx;)@Episode Quality – 1080p WEB DL Total Episodes: 10 Eps Subtitle – Myanmar Hardsub Format – mkv Genre – Crime,Drama

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း