ဇာတ်ကားများ ရွေးရန်

This City Is Ours

2025ဇာတ်လမ်းတွဲအမှတ် 7.3/10

This City Is Ours (2025) S1 +++++++++++ အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး IMDb Rating (7.8) / Rotten Tomatoes (92%) ဂိုဏ်းစတား ဇာတ်လမ်းခပ်ကြမ်းကြမ်း ကြိုက်တဲ့သူတွေအတွက် "This City Is Ours" ဆိုတဲ့ ဇာတ်လမ်းတွဲလေးတင်ပေးလိုက်ပါပြီ။ တကယ်တော့ ဒီကားက UK ရဲ့ BBC One မှာ ၂၀၂၅ ကတည်းက ပြသခဲ့တာဖြစ်ပေမယ့် အခု ၂၀၂၆ ကျမှ AMC+ ကနေ အမေရိကန်နဲ့ တခြားနိုင်ငံတွေအတွက် ပြန်ထုတ်လွှင့်ပေးမယ့် ဇာတ်ကားလေးပါ။ ဒီကားကို ဖန်တီးတဲ့သူကတော့ Stephen Butchard ဖြစ်ပြီး၊ ဒါရိုက်တာ Saul Dibb, John Hayes နဲ့ Eshref Reybrouck တို့က ရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအနေနဲ့ Game of Thrones ထဲက နာမည်ကြီး မင်းသားကြီး Sean Bean က ဂိုဏ်းချုပ်ကြီး Ronnie Phelan နေရာကနေ ပါဝင်ထားပါတယ်။ သူ့အပြင် James Nelson-Joyce (Michael နေရာ)၊ Jack McMullen (Jamie နေရာ) နဲ့ Hannah Onslow (Diana နေရာ) တို့လို နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ် +++++++++++++ ဇာတ်လမ်းက အင်္ဂလန်နိုင်ငံ လီဗာပူးလ်မြို့က ကိုကင်း မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းကြီးတစ်ခုအကြောင်းကို ရိုက်ကူးထားတာပါ။ ဂိုဏ်းချုပ်ကြီး Ronnie Phelan (Sean Bean) က အသက်အရွယ်ရလာတော့ ဒီအလုပ်တွေကနေ အနားယူဖို့ စဉ်းစားလာတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ ညာလက်ရုံးဖြစ်တဲ့ Michael နဲ့ သွေးဆူလွယ်တဲ့ သားအရင်း Jamie တို့နှစ်ယောက်ကြားမှာ အာဏာလုပွဲ စတင်ပါတော့တယ်။ Michael က ဂိုဏ်းကို ဆက်ပြီး ဦးဆောင်ချင်ပေမယ့် တစ်ဖက်မှာလည်း ချစ်သူ Diana နဲ့အတူ ကလေးယူပြီး အေးအေးချမ်းချမ်း မိသားစုဘဝလေး တည်ဆောက်ချင်တဲ့ ဆန္ဒလည်း ရှိနေပြန်ရော။ အဲဒီလို လွန်ဆွဲနေတဲ့ အချိန်လေးမှာပဲ သူတို့ဂိုဏ်းရဲ့ မူးယစ်ဆေးဝါး ကုန်တင်သင်္ဘောကြီးတစ်ခု အလစ်သုတ်ခံလိုက်ရပါလေရော။ ဒီကိစ္စကြောင့် ကိုလံဘီယာ ကာတဲလ်တွေနဲ့ပါ ပြဿနာတက်ပြီး ဂိုဏ်းထဲက သစ္စာဖောက်ကို ရှာကြရင်း ပစ်ကြခတ်ကြ၊ သတ်ကြဖြတ်ကြနဲ့ ဇာတ်လမ်းက တဖြည်းဖြည်း မြိုင်လာပါတယ်။ ဒီကားလေးက လီဗာပူးလ်စတိုင် "Sopranos" လို့တောင် တင်စားခံရတဲ့အထိ ဂိုဏ်းစတားတွေ အချင်းချင်း အားပြိုင်ကြတာတွေ၊ မိသားစုထဲမှာပဲ သစ္စာဖောက်ကြတာတွေကို အပီအပြင် ရိုက်ပြထားပါတယ်။ အက်ရှင်ကြမ်းကြမ်းတွေ၊ ဂိုဏ်းတွေကြားက ကစားကွက်တွေကို သဘောကျတယ်ဆိုရင်တော့ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ မင်းသားကြီး Sean Bean သရုပ်ဆောင်သွားတာကတော့ ပြောစရာမလိုအောင် ပီပြင်သလို၊ ကျန်တဲ့ သရုပ်ဆောင်တွေကလည်း ဇာတ်ကောင်စရိုက်တွေကို အကောင်းဆုံး ပုံဖော်ပေးထားနိုင်ကြပါတယ်။ အပိုင်း ၈ ပိုင်းပါဝင်ပြီး တစ်ထိုင်တည်း ဆက်တိုက်ကြည့်ချင်စရာကောင်းအောင် ဆွဲဆောင်ထားနိုင်တဲ့ ကားကောင်းလေးတစ်ကားမို့ ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Size – 610MB / 336MB Quality –WEB-DL1080p HEVC / 720p Episodes -  8 Eps Duration -  58m Subtitle – Myanmar Hardsub Format – mkv /mp4 Genre :  Gangster , Crime , Drama

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း