Rooster Fighter
Rooster Fighter (2026) IMDB - 8.8/10, MyAnimeList - 6.7/10 ကျွန်တော်တို့တွေအနေနဲ့ လေလွင့်ဆာမူရိုင်း လေလွင့်သိုင်းသမား စသဖြင့် အစုံအလင် မြင်ဖူးခဲ့လေပြီ။ ဒါပေမဲ့ ဒီတစ်ခါလည်း ဂျပန်တွေ ဆန်းသစ်လိုက်ပြန်ပါပြီ။ ဟုတ်ပါတယ် ဒီ စီးရီးလေးကတော့ လေလွင့်ဖိုက်တာ ကြက်ဖကြီးအကြောင်းပဲ ဖြစ်ပါတယ်။ သူသည်ကား သာမန်ကြက်ဖမဟုတ် အိမ်ထောင်ရက်သားကျပြီး အတည်တကျခြေချလိုသူမဟုတ်တဲ့အတွက် ကြက်မတွေလည်း အသည်းတွေကွဲခဲ့ရပြီးပြီ။ သူလုပ်ခဲ့သော အရှုပ်ထုပ်ဘာညာစမာကလာများအား အကုန်ဖြေရှင်းပေးပြီး ယောက်ျားဘသားပီပီ တာဝန်ယူတတ်သောကြက်ဖ။ ဒါတင်မက လူသားမျိုးနွယ်ရဲ့ ကာကွယ်စောင့်ရှောက်သူ ကြက်ဖကြီးလည်း ဖြစ်နေပြန်ပါရော။ ရန်သူတွေအနေနဲ့ ဂေါ်ဇီလာလောက်ရှိတဲ့ မိစ္ဆာကောင်ကြီးတွေလာလာ ဘာလာလာ သူ့အနေနဲ့ "အောက်အီးအီးအွတ်" ဟု တစ်ချက်အော်တာနဲ့ ပွဲသိမ်းနိုင်သော မဟာအာဂကြက်ဖကြီး ဖြစ်လေသတည်း။ ဒီတော့ ဒီ လေလွင့်ဖိုက်တာ ကြက်ဖကြီးတစ်ကောင် ဘယ်လိုမျိုး အထာကျကျနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို တခွိခွိနဲ့ ရင်ခုန်စောင့်မျှော် ကြည့်ရှုလိုက်ရအောင်လားဗျာ...။ (ဒါပေမဲ့လည်း ကလေးကြည့် မဟုတ်ဘူးနော် အောက်ပိုင်းပြက်လုံးလေးတွေလည်း ပါသေးတာမို့ ဆင်ခြင်ကြပါရန်...)
အပိုင်းများ
12 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း