ဇာတ်ကားများ ရွေးရန်

Never Forget Your Enemy

2026ဇာတ်လမ်းတွဲအမှတ် 8.5/10

Never Forget Your Enemy (2026) အပိုင်း 1 မှ 8 စ/ဆုံး ဒီတစ်ခေါက်မှာတော့ အမြဲတမ်း တကျက်ကျက် ရန်ဖြစ်နေရာကနေ ချစ်သူတွေ ဖြစ်သွားကြမဲ့ BL ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - အသက် ၂၉ နှစ်အရွယ်မှာ ကားတိုက်မှုဖြစ်သွားတဲ့ ဂီဟာနူးဟာ ပြန်သတိရလာတဲ့အခါမှာ ကြားထဲက ၁၀ နှစ်တာမှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး သူ့ကိုယ်သူ ၁၉ နှစ်လို့ပဲ ထင်မှတ်နေပါတော့တယ်။ နိုးနိုးလာချင်း ဟာနူးကို တုန်လှုပ်သွားစေတာကတော့ သူမှတ်မိသမျှ ကာလတစ်လျှောက်လုံး ရန်သူလို သတ်မှတ်ထားခဲ့တဲ့ ယောဆယ်ဗြော့နဲ့ သူဟာ ၇ နှစ်တိုင်တိုင် ချစ်သူတွေဖြစ်ခဲ့ကြတယ်ဆိုတဲ့ အချက်ပါပဲ။ ဓာတ်ပုံတွေ ၊ စာတွေအရ သူတို့နှစ်ယောက်ဟာ နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ကြကြောင်း သိသာနေပေမဲ့ ဟာနူးရဲ့ မှတ်ဉာဏ်ထဲမှာတော့ ဆယ်ဗြော့ဟာ ရန်သူတစ်ယောက်အဖြစ်ပဲ ကျန်ရှိနေဆဲပါ အချိန်ကြာလာတာနဲ့အမျှ မှတ်ဉာဏ်တွေ တစ်စတစ်စ ပြန်ရလာတဲ့အခါ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အကြောင်းအရင်းတစ်ခုခုကြောင့် ပြတ်စဲသွားခဲ့ပြီး ဆယ်ဗြော့က အမှန်တရားကို ဖုံးကွယ်ထားတယ်လို့ ဟာနူး စတင် သံသယဝင်လာတဲ့အခါမှာတော့... ဟာနူးရဲ့ ပျောက်ဆုံးသွားတဲ့ ၁၀ နှစ်တာအတွင်းမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေခဲ့မလဲ ဆယ်ဗြော့ဖုံးကွယ်ထားတဲ့ အမှန်တရားက သူတို့နှစ်ဦးကို ထပ်မံ ဝေးကွာသွားစေမှာလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ Episodes: 8 Aired: Mar 17, 2026 - Apr 1, 2026 Aired On: Tuesday, Wednesday Original Network: WeTV Duration: 31 min Genre: Drama Subtitle: Myanmar Subtitle (Hardsub)

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း