Steel Ball Run: JoJo's Bizarre Adventure
Steel Ball Run: JoJo's Bizarre Adventure (2026) MyAnimeList - 9.3/10 JoJo စွန့်စားခန်းတွေ နောက်ထပ်အသစ်အနေနဲ့ ထွက်ရှိလာခဲ့ပါပြီ။ ဒါပေမဲ့ ဒီကောင်ကတော့ ရှေ့ Jojo တွေနဲ့ သက်ဆိုင်မှုမရှိပဲ Stand Alone ဖြစ်ပြီး ကိုယ်ပိုင်ဇာတ်အိမ်ဇာတ်လမ်း ဖြစ်တာကြောင့် ရှေ့က Jojo တွေ မကြည့်ဖူးလည်း ကောင်းကောင်းကြီး အဆင်ပြေပါတယ်။ ဒီကောင်ရဲ့ဇာတ်အိမ်ကတော့ ၁၈၀၀ ကာလ အမေရိကန်နိုင်ငံကို အခြေပြုထားပြီး ကမ္ဘာ့အကြီးအကျယ်ဆုံး ပြိုင်ပွဲကြီးတစ်ခုနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒါကတော့ ဆန်ဒီယေဂိုကနေ နယူးယောက်နားထိ အမေရိကတိုက်ကြီးတစ်ခုလုံးကို မိုင်ပေါင်း ၄ ထောင်ကျော် ဘယ်သူအရင်ရောက်မလဲ ပြိုင်ရတာပါ။ ဆုကြေးကလည်း အဲဒီခေတ်အနေနဲ့ကို သန်း ၅၀ ပေးတာကြောင့် နိုင်ငံအစုံ လူမျိုးအစုံ မြင်း ကုလားအုတ် ကား အစုံပလုံနဲ့ ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။ အဲဒီမှာ Johnny Joestar ဆိုတဲ့ ဒုက္ခိတလူငယ်လေးတစ်ယောက်ဟာလည်း အရင်တုန်းက ပါရမီရှင် မြင်းစီးဂျော်ကီလေး ဖြစ်ခဲ့ပေမဲ့ ကုသိုလ်ကံကြောင့် အောက်ပိုင်းသေပြီး စိတ်ဓာတ်ကျနေသူလေးပါ။ သူက ဒီ ပြိုင်ပွဲအစကို သာမန်လို လာရောက်ကြည့်ရှုရင်း Gyro Zeppeli ဆိုတဲ့ ထူးဆန်းပြိုင်ပွဲဝင်ဆီကနေ ထူးဆန်းတဲ့ အစွမ်းရှိတဲ့ Steel Ball လေးတွေကို တွေ့သွားပြီး ဒီ Steel Ball တွေရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေမယ် သူ့ခြေထောက် ပြန်လည်ကောင်းမွန်နိုင်မလားဆိုပြီး အောက်ပိုင်းသေပေမဲ့လည်း မြင်းတစ်ကောင်နဲ့အတူ ပြိုင်ပွဲကို မရရအောင် ဝင်ပြိုင်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကောင်းကောင်းကြီး ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်...။
အပိုင်းများ
7 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း