Never Ending Story
Never Ending Story (2025) အပိုင်း (၁ +၂) စ/ဆုံး ဒီတစ်ခေါက်မှာတော့ မင်းသား Kim Do Ha နဲ့ Su Bin တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ချစ်စဖွယ် ရိုရိုချိုချို ကိုရီးယား BL Drama လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဒိုယွန်း (Kim Do Ha) ဟာ ရောင်းအားအကောင်းဆုံး စာရင်းဝင်တဲ့ နာမည်ကြီး ဝတ္ထုရေးဆရာတစ်ယောက်ဖြစ်ပေမဲ့ နောက်ထပ်အပိုင်းသစ် ဆက်ရေးဖို့အတွက် စိတ်ကူးသစ်တွေ မထွက်ဘဲ လမ်းပျောက်နေပါတယ်။ ဝတ္ထုအပ်ရမဲ့ရက် နီးကပ်လာတာနဲ့အမျှ စိတ်ဖိစီးမှုများလာတဲ့ ဒိုယွန်းဟာ စိတ်ပြေလက်ပျောက်လည်း ဖြစ်လိုဖြစ်ငြား ၊ အိုင်ဒီယာအသစ်တွေလည်း ရလိုရငြားနဲ့ အိမ်အနီးအနားက Gym မှာ အဖွဲ့ဝင်အဖြစ် စာရင်းသွင်းလိုက်ပါတော့တယ်။ အဲဒီ Gym မှာ ဆုံတွေ့လိုက်ရတာကတော့ သူ့ရဲ့ဝတ္ထုကို အမြဲ နှစ်သက်အားပေးနေတဲ့ အမာခံပရိသတ်တစ်ဖြစ်လဲ အားကစားနည်းပြ ဟျွန်းအူ (Su Bin) ပါပဲ .. သူတို့နှစ်ဦးဟာ အတူတူ လေ့ကျင့်ခန်းတွေ လုပ်ဖြစ်ရာကနေ ခင်မင်ရင်းနှီးသွားကြပြီး သံယောဇဉ်တွေ စတင် ဖြစ်တည်လာတဲ့အခါမှာတော့... ဒိုယွန်းနဲ့ ဟျွန်းအူတို့ကြားက အချစ်ဇာတ်လမ်းလေးက ဘယ်လိုပုံစံနဲ့ ရှေ့ဆက်မှာလဲ .. ဒိုယွန်းကရော သူ့ရဲ့ဝတ္ထုကို အောင်အောင်မြင်မြင်နဲ့ အပြီးသတ် ရေးနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက် ရှုစားပေးကြပါဦး .. Episodes: 02 Aired: Sep 3, 2025 - Oct 9, 2025 Aired On: Wednesday Genres: Romance, Drama
အပိုင်းများ
2 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း