ဇာတ်ကားများ ရွေးရန်

Cowboy Bebop

1998ဇာတ်လမ်းတွဲအမှတ် 8.5/10

Cowboy Bebop (1998) IMDB - 8.9/10, MyAnimeList - 8.7/10 ကဲ ခင်ဗျားတို့ကို နောက်ထပ် ဂန္ဓဝင် Oldschool ဖြစ်တဲ့ Anime တစ်ခုနဲ့ မိတ်ဆက်ပေးဦးမယ်။ Western အထာနဲ့ ခေတ်လွန် Sci-fi စတိုင်ကို ပေါင်းစည်းထားတဲ့ Masterpiece တစ်ခုလည်း ဖြစ်တယ်။ နောက်ခံတေးဂီတတွေကလည်း Jazz ဂီတသံတွေနဲ့ တော်တော်လေး မိုက်တဲ့ထဲမှာ ပါတယ်ရယ်။ နောက်ပြီး 2021 ခုနှစ်မှာတုန်းက Netflix ကနေ Live-action စီးရီးထုတ်ခဲ့ပေမဲ့လည်း S1 တစ်ခုတည်းနဲ့ စခန်းရပ်သွားခဲ့ရတယ်။ ဒီတော့ အမိုက်ဆုံးဖြစ်တဲ့ Anime ကိုသာ ခံစားစီးမျောကြည့်လိုက်ပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၉၈ ခုနှစ်အနေနဲ့ ခေတ်လွန် ၂၀၇၁ ခုနှစ်ကို အခြေခံထားတယ်။ လူသားတွေက ကမ္ဘာမြေကို စွန့်ခွာပြီး တခြားဂြိုလ်တွေပေါ်မှာ ရှင်သန်နေထိုင်နေကြပြီပေါ့။ အဲဒီမှာ အာကာသထဲ လူမျိုးပေါင်းစုံကနေ ရာဇဝတ်မှုတွေပေါင်းစုံ ကျူးလွန်နေကြတော့ ISSP ဆိုတဲ့ ရဲဌာနကနေ သူတို့ လက်လှမ်းမမှီနိုင်တဲ့ လူဆိုး ရာဇဝတ်သားတွေဆို သူများကို ဖမ်းခိုင်းဖို့ ဆုကြေးထုတ်ပြီး ကြေးစားတွေကို ခွင့်ပြုပေးထားရတာပေါ့။ ဒီဇာတ်လမ်းထဲမှာ အဲဒီလို ကြေးစားမုဆိုးတွေကို ကောင်းဘွိုင်တွေလို့လည်း ခေါ်ကြတယ်။ ဒီတော့ Cowboy Bebop ဆိုတဲ့အတိုင်း Bebop ဆိုတဲ့ အာကာသယာဉ်ကြီးပေါ်မှာ Spike ဆိုတဲ့ တိုက်ခိုက်ရေးကောင်းတဲ့ ဂိုဏ်းလူမိုက်ဟောင်းရယ်၊ ရဲဟောင်းတစ်ယောက်ဖြစ်ပြီး ဦးစီးဦးဆောင်ရှိသူ Jet ရယ်၊ အတိတ်မေ့ပြီး လောင်းကစားအင်မတန်ကြိုက် လူတိုင်းကို ဂျင်းထည့်ချင်တဲ့ ဆက်ဆီမလေး Faye ရယ်၊ အူကြောင်ကြောင်နိုင်ပေမဲ့ ဉာဏ်ကောင်းပြီး ကွန်ပြူတာပိုင်းဂျွတ်တဲ့ Ed ရယ် ခွေးကလေး Ein ရယ်၊ ဒီလူတွေ စကြာဝဠာတလျှောက် ပေါက်ကရတွေဖြစ် အချင်းချင်းလည်း မတည့်ကြပေမဲ့ နောက်ဆုံးတော့ လူဆိုးတွေကို ဖမ်းပြီး ဘယ်လိုမျိုးတွေ စွန့်စားခန်းထွက်ကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ...။

အပိုင်းများ

26 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 26 အပိုင်း

ဇာတ်လမ်းအကြောင်း