ဇာတ်ကားများ ရွေးရန်

Hold A Court Now

2026ဇာတ်လမ်းတွဲ

သာ့ကျားတို့ကို အခုတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ မှုခင်းနောက်ခံစိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းလေးတစ်ခုပါ။ ဇာတ်အိမ်ကတော့ လူတန်းစာပေါင်းစုံရဲ့ပြဿနာတွေကို ဖြေရှင်းပေးရာကနေ စတင်ထားပြီး အဲအမှုတွေကနေမှ ချိတ်ဆက်နေတဲ့အမှုတွဲတွေကို ရှာဖွေဖော်ထုတ်ကြမဲ့ဇာတ်အိမ်မျိုးလေးမို့ C drama fan တွေ အကြိုက်တွေ့လောက်မှာပါ။ ဒီစီးရီးထဲမှာတော့ Blood River မှာ စူးမုယွီအဖြစ်အပီအပြင်ချဲခဲ့တဲ့ Gong Jun ကို လူငယ်တရားသူကြီး ရှန်ရှဲ့ကျစ်အဖြစ်မြင်တွေ့ရမှာပါ။ Gong Jun နဲ့အတူ The Rise of Ning ရဲ့ MC ဖြစ်ခဲ့တဲ့ မမ Ren Min က တွဲဖက်သရုပ်ဆောင်ထားပေးပါတယ်။ ဇာတ်လမ်းအညွှန်း >>> လူငယ်တရားသူကြီးတစ်ဦးဖြစ်တဲ့ ရှန်ရှဲ့ကျစ်နဲ့ ရှေ့နေချင်းရွေ့တို့ဟာ ဥပဒေလောကမှာ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တွေပါ။ အဲဒါအပြင် သူတို့နှစ်ဦးနဲ့ ရှုကျင်း၊ ဟူအိုက်ရှီး၊ ချန်ရှန့်ဟွေတို့ဟာလဲ ရင်းနှီးကြတဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး တရားဥပဒေဆိုင်ရာပြဿနာတွေဖြေရှင်းဖို့ အဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းထားကြတာပါ။ သူတို့အဖွဲ့ဟာ အခြေခံလူတန်းစားလူ့အဖွဲ့အစည်းထဲအထိ ဝင်ရောက်ကာ မိဘနဲ့သားသမီးကြားက ပဋိပက္ခတွေ၊ အိမ်ထောင်ရေးအခက်အခဲတွေနဲ့ ရှုပ်ထွေးလှတဲ့လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးဖို့ ကြိုးပမ်းကြပါတော့တယ်။ ဒါပေမဲ့ အမှုတစ်ခုချင်းစီကိုဖြေရှင်းရာမှာ "ဥပဒေသည် ဘက်လိုက်မှုကင်းသော်လည်း လူသားချင်းစာနာထောက်ထားမှုကသာ အရာရာကို လွှမ်းမိုးနိုင်သည်" ဟူသောမူဝါဒကို လက်ကိုင်ထားကြပါတယ်။ အဲလိုလုပ်ရပ်တွေကြောင့် ဥပဒေနဲ့ သွေဖယ်သွားနိုင်တယ်ဆိုပြီး ဝေဖန်ခံကြရပေမဲ့ အဲလိုလုပ်ရပ်တွေကပဲ သူတို့ရဲ့မူလရည်မှန်းချက်အပေါ် သစ္စာရှိမှုနဲ့တရားဥပဒေစိုးမိုးရေးအပေါ် မယိုင်မလဲယုံကြည်မှုတို့ကို အထင်အရှားသက်သေပြပေးနိုင်ခဲ့ကြပါတယ်။ တရားဥပဒေအပြင်ကိုမှ နေရာတကာမှာ ဥပဒေလိုအပ်သလို လူသားချင်းစာနာမှုလဲ လိုအပ်ကြောင်းကို ဒီစီးရီးလေးက အသေအချာသရုပ်ဖော်ပြသွားတာမို့ အမှုလိုက်ရင်း ဘဝအစုံစုံတို့ရဲ့ပြဿနာအထွေထွေကို ရင်မောဖွယ်၊ ‌စိတ်လှုပ်ရှားဖွယ်ခံစားရမှာဖြစ်လို့ အမိအရကြည့်ကြဖို့ ညွှန်းလိုက်ရပါတယ်။ Total Episodes : 30 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

26 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 26 အပိုင်း

ဇာတ်လမ်းအကြောင်း