ဇာတ်ကားများ ရွေးရန်

You Are My Fateful Love

2026ဇာတ်လမ်းတွဲ

ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ရင်ခုန်သံတွေပြန်လည်နိုးထလာစေမဲ့ Romance Drama ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ကိုယ့်ခံစားချက်တွေကို စာအဖြစ်ပြောင်းလဲခဲ့တဲ့ စာရေးဆရာမတစ်ယောက်…အချစ်ဟောင်းတစ်ယောက်ကို မေ့လို့မရသေးတဲ့ နှလုံးသားတစ်စင်း… အကြောင်းမထင် ပြန်လည်တွေ့ဆုံမှုတစ်ခုကနေ စတင်လာတဲ့ ချစ်ခြင်းအသစ်…ဒီဇာတ်လမ်းထဲမှာတော့ ဘဝကို ရင်ဆိုင်ရဲတဲ့ မိန်းကလေးတစ်ယောက်နဲ့တိတ်တဆိတ်ချစ်နေခဲ့တဲ့ ဉာဏ်ကြီးရှင် အမျိုးသားတစ်ယောက်တို့ရဲ့နှလုံးသားချင်း ထပ်မံဆုံတွေ့မှုကို မြင်တွေ့ရမှာပါMain Lead တွေအနေနဲ့ မင်းသားချော Wei Zheming နဲ့ Zheng He Huizi တို့ ပါဝင်သရုပ်ဆောင်ထားပါတယ် Ruan Yuဆိုတဲ့အမျိုးသမီးလေးဟာ အသက် ၂၈ နှစ်မှာတောင် သေချာတဲ့အလုပ်ကိုစွန့်ပြီး သူမရဲ့အတွင်းခံစားချက်တွေကို စာရေးခြင်းအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့သူတစ်ဦးဖြစ်ပါတယ် သူမရေးသားတဲ့ဝတ္ထုတွေဟာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ချစ်ခြင်းမေတ္တာ၊ ဝမ်းနည်းမှု၊ မျှော်လင့်ချက်တွေကို အခြေခံထားပြီး အွန်လိုင်းပေါ်မှာ တင်ပြီး မျှဝေခဲ့ပါတယ် ဒါပေမဲ့ မမျှော်လင့်ထားတဲ့အရာတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်…အဲဒါကတော့ အွန်လိုင်းအသုံးပြုသူတွေက သူမရဲ့ဇာတ်လမ်းဟာ တခြားတစ်ဦးရဲ့လက်ရာကို ခိုးယူထားတာဖြစ်နိုင်တယ်လို့ စွပ်စွဲလာကြတာပါ အဲဒီအချိန်မှာ Ruan Yu ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆုံးဖြတ်ပြီး ဥပဒေအရ တရားမျှတမှုကို ရှာဖွေဖို့စတင်ခဲ့ပါတယ်အဲဒီခရီးလမ်းမှာ သူမနဲ့ လက်တွဲလုပ်ကိုင်ရတဲ့ ဥပဒေရှေ့နေက သူမရဲ့ အထက်တန်းကျောင်းကတည်းက သဘောကျခဲ့တဲ့လူတစ်ဦးဖြစ်ပြီး၊ သူမဝတ္ထုထဲက အမျိုးသားဇာတ်ကောင်အတွက် မူရင်းပုံစံဖြစ်နေတဲ့ Xu Huai Song ဖြစ်နေခဲ့ပါတယ် အမှုကြောင့် ပြန်လည်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ဦးဟာ အတူတကွ လုပ်ကိုင်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ထပ်မံ ဆွဲဆောင်မိလာကြပါတယ် အချိန်ကာလကြာမြင့်စွာအတွင်း ဖုံးကွယ်နေခဲ့တဲ့ ခံစားချက်တွေဟာ အတိတ်မှတ်ဉာဏ်တွေနဲ့အတူ ပြန်လည်ဖွင့်လှစ်လာပြီး၊ ယခုလက်ရှိဘဝရဲ့ စမ်းသပ်မှုများအောက်မှာ ပိုမိုတောက်ပလာခဲ့ပါတယ် ချစ်ခြင်း၊ ယုံကြည်မှုနဲ့ ကိုယ်တိုင်ကိုယ်ကျ ရပ်တည်ခြင်းတို့အကြား Ruan Yu ရဲ့ရွေးချယ်မှုက သူမဘဝကို ဘယ်လိုပြောင်းလဲစေမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ် Total Episodes : 36 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

30 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 30 အပိုင်း

ဇာတ်လမ်းအကြောင်း