ဇာတ်ကားများ ရွေးရန်

Something Very Bad Is Going to Happen

2026ဇာတ်လမ်းတွဲအမှတ် 4.0/104K

Something Very Bad Is Going to Happen (2026) Season 01 (Complete) IMDb Rating (6.6) / Rotten Tomatoes (81%) Netflix မှာ အသစ်စက်စက် တင်ထားတဲ့ Something Very Bad Is Going to Happen (2026) ဇာတ်လမ်းတွဲလေး တင်ပေးထားပါတယ်။ ဒီကားက Stranger Things ဖန်တီးရှင် Duffer Brothers ကိုယ်တိုင် Executive Producer အနေနဲ့ ပါဝင်ထုတ်လုပ်ထားတဲ့ Psychological Horror / Thriller ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက ရေချယ် (Rachel) နဲ့ နစ်ကီ (Nicky) ဆိုတဲ့ စုံတွဲလေး မင်္ဂလာဆောင်ဖို့ ၅ ရက်အလိုကနေ စထားတယ်။ သူတို့နှစ်ယောက်က မိသားစုဝင်တွေလောက်ပဲ ဖိတ်ပြီး သီးသန့်လေး မင်္ဂလာဆောင်ချင်တာဆိုတော့ နစ်ကီ့မိသားစုပိုင်တဲ့ တောထဲက နှင်းတောထဲက အပန်းဖြေအိမ်ကြီးဆီကို ကားမောင်းသွားကြတာပေါ့။ ဒါပေမဲ့ လမ်းမှာတင် ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ကိစ္စတွေ စကြုံရတော့တာပဲ။ နစ်ကီ့ မိသားစုအိမ်ကြီးကို ရောက်သွားတော့လည်း သူတို့မိသားစုက တော်တော်လေးကို ကြောင်တောင်တောင်နိုင်ပြီး ထူးဆန်းနေပြန်ရော။ အိမ်ကြီးထဲမှာ ကြက်သီးထစရာ ပန်းချီကားကြီးတွေ၊ ထူးဆန်းတဲ့ အယူအဆတွေ၊ နောက်ပြီး သွေးတွေနဲ့ ရေးထားတဲ့ "သူ့ကို လက်မထပ်နဲ့" ဆိုတဲ့ စာလိပ်တွေပါ ရေချယ် တစ်ယောက် တွေ့လာရတယ်။ မင်္ဂလာပွဲရက် နီးလာတာနဲ့အမျှ ရေချယ်တစ်ယောက် "ငါ တကယ်ပဲ လူရွေးမှန်ရဲ့လား"၊ "ဒီမိသားစုထဲကို ဝင်ဖို့ တကယ်ပဲ အဆင်သင့်ဖြစ်ပြီလား" ဆိုတဲ့ သံသယတွေ၊ ထိတ်လန့်စရာ မိသားစု လျှို့ဝှက်ချက်တွေနဲ့ ကြုံတွေ့လာရတဲ့အခါ ကားနာမည်အတိုင်း တကယ်ပဲ ဆိုးရွားတဲ့ကိစ္စတွေ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။ ရုတ်တရက် လန့်သွားအောင် (Jumpscare) လုပ်တာမျိုးတွေထက် စိတ်ထဲမှာ တဖြည်းဖြည်း ကြောက်လာအောင်၊ ခြောက်ခြားလာအောင် ဆွဲခေါ်သွားတဲ့ တင်ဆက်ပုံမျိုးပါ။ မထင်မှတ်ထားတဲ့ ဇာတ်ကွက်တွေ: ရိုးရိုးရှင်းရှင်း မင်္ဂလာဆောင် ဇာတ်လမ်းမဟုတ်ဘဲ သွေးထွက်သံယို ဖြစ်ရပ်တွေ၊ ကျိန်စာတွေ၊ Supernatural (သဘာဝလွန်) အငွေ့အသက်တွေနဲ့ ထိတ်လန့်စရာတွေကို သေသေချာချာ ရောမွှေထားတယ်။ ခေါင်းဆောင်မင်းသမီး Camila Morrone နဲ့ မင်းသား Adam DiMarco တို့ရဲ့ သရုပ်ဆောင်ချက်တွေက တကယ့်ကို အသက်ဝင်ပြီး ကြောက်စရာကောင်းပါတယ်။ လက်လွတ်မခံဘဲ ကြည့်လိုက်ကြပါဦး။ File size… (2.3 GB) / (450 MB) / (300 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Mystery Duration…. 00:51:18 Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း