ဇာတ်ကားများ ရွေးရန်

Love Upon a Time

2026ဇာတ်လမ်းတွဲ

တစ်ခေတ်တစ်ခါက ချစ်အလင်္ကာ (၂၀၂၆) "ရာစုနှစ်တွေ ဘယ်လောက်ပဲခြားခြား... ဖူးစာပါရင် ရှေ့တော်မှောက် အရောက်လာတတ်တာမျိုးတဲ့” Time-travel ဇာတ်လမ်းလေးတွေ၊ သမိုင်းနောက်ခံ ရိုမန်တစ်ကားလေးတွေ ကြိုက်တဲ့သူတွေအတွက် နာမည်ကြီးဝတ္ထုကို အသက်သွင်းထားတဲ့ Thai Drama Series အသစ်စက်စက်လေး လာပါပြီဗျာ။ Visual တွေ ရှယ်မိုက်တဲ့ DMD က မင်းသားချောလေးတွေ ပါဝင်ထားလို့ မျက်စိပသာဒဖြစ်ဖို့ကတော့ အာမခံတယ်နော်။ ဇာတ်လမ်းကတော့ တစ္ဆေတွေ၊ အယူအဆတွေကို လုံးဝမယုံကြည်တဲ့ အသက် ၂၀ အရွယ် ကျောင်းသားလေး 'နာခွန်' တစ်ယောက် ကံတရားရဲ့ စနောက်မှုကြောင့် လွန်ခဲ့တဲ့ နှစ် ၄၀၀ က အယုဒ္ဓယခေတ်ကြီးထဲကို အချိန်ခရီးသွားပြီး ရောက်သွားရာကနေ စတာပါပဲ။ ဟိုရောက်တော့ ပျောက်ဆုံးနေတဲ့ 'ကလောင်' ဆိုတဲ့သူနဲ့ ရုပ်ချင်းဆင်လို့ လူမှားခံရတာနဲ့အတူတူ ရှေးခေတ်မှာ ရှင်သန်နိုင်ဖို့ ချော်လဲရောထိုင် အယောင်ဆောင် နေလိုက်ရတော့တာပေါ့။ ကိုယ့်ခေတ်ကိုယ် ပြန်ရောက်ဖို့ လမ်းစရှာရင်း ပျောက်ဆုံးမှုရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားနေတုန်း... ကလောင်ရဲ့ သူငယ်ချင်းဖြစ်သူ 'ဖော့' က ကလောင်တစ်ယောက် အရင်နဲ့မတူ နောက်တစ်ယောက်လို ပြောင်းလဲသွားတာကို မသင်္ကာလို့ အရိပ်တကြည့်ကြည့်နဲ့ လိုက်စောင့်ကြည့်နေတဲ့အခါမှာတော့... ဘယ်လို ဗရုတ်သုတ်ခ တလွဲတွေ ဆက်ဖြစ်မလဲ။ ဖုံးကွယ်ချင်တဲ့သူနဲ့ ဖော်ထုတ်ချင်သူကြား ဘယ်လိုတွေနီးစပ်ရင်း မေတ္တာမျှသွားကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုအားပေးကြပါဦး။ Genre..... Mystery, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 700MB | 250MB Format… mp4 Duration…. 45 min Episodes....12 Episodes

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း