ဇာတ်ကားများ ရွေးရန်

Love Beyond the Grave

2026ဇာတ်လမ်းတွဲ4K

Love Story in the 1970s မှာ တောသားအချစ် နံပါတ် (၁) ဖြစ်ခဲ့တဲ့ ချန်ဖေးယွီတစ်ယောက် အခုလည်း အချစ်ရူးကာရိုက်တာအဖြစ် သရုပ်ဆောင်ထားပြန်ပါပြီ။ မထွက်ခင်ကတည်းက ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး CGI တွေလည်း လန်ထွက်နေတဲ့ Love Beyond The Grave မှာ ချန်းဖေးယွီက အရမ်းမိမိုက်လွန်းတဲ့ Dilraba နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဒီစီးရီးမှာ ချန်ဖေးယွီက စစ်သူကြီးအဖြစ် သရုပ်ဆောင်ထားပေမဲ့ စစ်ပွဲတစ်ရာတိုက်နိုင်တယ်၊ အချစ်စစ်ပွဲမှာတော့ လှလှပပကြီးကျရှုံးခဲ့တဲ့စစ်သူကြီးအဖြစ် သရုပ်ဆောင်ထားတာမို့ C drama fan တွေရဲ့ boyfriend standard ကို ပိုမြင့်စေမှာ အသေအချာပါပဲ။ မမ Dilraba ကလည်း ပင်ကိုပုံစံနဲ့လိုက်ဖက်လွန်းလှတဲ့ ခမ်းနားထည်ဝါလှတဲ့တစ္ဆေဘုရင်မအဖြစ် သရုပ်ဆောင်ထားတာမို့ မမရဲ့အလှ၊ မမရဲ့အကြည့်မှာ ချန်ဖေးယွီတင်မက ကြည့်ရှုသူ ပရိသတ်ပါ အတုံးအရုံးကျရှုံးရဦးမှာပါပဲ။ ဒီစီးရီးထဲမှာ ဆန်းကြယ်ပြီး အန္တရာယ်များလှတဲ့ ကွေးရွှီးဝိညာဉ်နယ်မြေ၊ ရက်စက်ကြမ်းကြုတ်လှတဲ့စစ်မြေပြင်နဲ့ လူ့လောကတို့ရဲ့နွေးထွေးစည်ကားလှတဲ့ပွဲတော်ကာလကိုပါ အလှပဆုံးပုံဖော်ထားတဲ့အပြင် မြင်နေကျ Xianxia ဇာတ်လမ်းပုံစံခွက်ထဲက ဖောက်ထွက်ပြီး "Liaozhai" စတိုင် အရှေ့တိုင်းအငွေ့အသက်တွေပါ ပါသလို လူနဲ့ ဝိညာဉ် အတူယှဉ်တွဲနေထိုင်တဲ့ထူးခြားလှတဲ့ပုံရိပ်တစ်ခုကို ဖန်တီးပြထားတာကလည်း ဇာတ်လမ်းကို ပိုရုပ်ကြွစေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းအညွှန်းလေးကလည်း ဒီလိုစိတ်ဝင်စားစရာလွမ်းဆွတ်ဖွယ်ရာလေးပါတဲ့ ပရိသတ်ရေ... အသက်လေးရာကျော်သက်တမ်းရှိပြီး အင်အားအကြီးဆုံးတစ္ဆေဘုရင်မဖြစ်သူ ဟယ့်စစ်မုနဲ့ လျှို့ဝှက်ချက်များစွာရှိနေတဲ့ စစ်သူကြီးသွမ့်ရွှီးတို့ဟာ ပျက်စီးသွားတဲ့ ဖော့ဝမ်ဓားကြောင့် မထင်မှတ်ဘဲဆုံတွေ့ခဲ့ကြပါတယ်။ အဲဆုံတွေ့မှုကနေတစ်ဆင့် နှစ်ဦးသားဟာ အာရုံငါးပါးကိုအပြန်အလှန်လဲလှယ်ဖို့ ကတိကဝတ်‌သွေးစာချုပ်ပြုလုပ်ခဲ့ကြရာမှ ထူးဆန်းစွာပဲ ကံကြမ္မာချင်း ဆက်နွှယ်သွားခဲ့ကြပါ‌တော့တယ်။ ဒီလိုနဲ့ သူတို့ဟာ လူ့လောကနဲ့ဝိညာဉ်လောကကြားက ငြိမ်းချမ်းမှုကို ထိန်းသိမ်းကာကွယ်ဖို့ အချင်းချင်းလက်တွဲပြီး အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြပါတယ်။ အခက်အခဲတွေကို အတူတူရင်ဆိုင်ရင်း နှစ်ပေါင်း ၄၀၀ ကျော်လောက်အေးခဲငြိမ်စက်နေတဲ့ ဟယ့်စစ်မုရဲ့ နှလုံးသားလေးဟာလည်း သွမ့်ရွှီးကြောင့် ပြန်လည်လှုပ်ရှားနွေးထွေးလာခဲ့ရာမှ ဘဝမတူတဲ့သူတို့နှစ်ဦးကြားမှာ ချစ်မေတ္တာဟာ လှပစွာပွင့်လန်းလာခဲ့ပါတော့တယ်။ သွမ့်ရွှီး : "စစ်မြေပြင်မှာ ငါက စစ်သူကြီးတစ်ယောက် ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ မင်းရှေ့မှာတော့ ငါက မင်းရဲ့ကတိကဝတ်ကိုတည်စေမဲ့ လူသားတစ်ယောက်ပါပဲ။ လူ့လောကရဲ့မီးရှူးမီးပန်းတွေကို မင်းနဲ့အတူ ကြည့်ချင်သေးတယ်။" ဟယ်စစ်မု : "ဝိညာဉ်တွေက နှလုံးသားမရှိဘူးလို့ လူတွေပြောကြတယ်။ ဒါပေမဲ့ နှစ်လေးရာသက်တမ်းမှာ ပထမဆုံးအကြိမ်ရင်ခုန်သံကို ရှင့်ကြောင့် ကျွန်မ ကြားနေရပြီ။" ဒီဇာတ်လမ်းက Dilraba ရဲ့ပရိသတ်တွေအတွက်ရော Chen Feiyu ရဲ့ပရိသတ်တွေအတွက်ပါ တကယ့်ကိုလက်လွှတ်မခံသင့်တဲ့ Fantasy Epic ကြီးမို့ ကြည့်ကိုကြည့်သင့်တာထက် ပိုသောပါပဲ‌ ပြိတ်သတ်တို့ရေ။ Total Episodes : 40 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

41 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 41 အပိုင်း

ဇာတ်လမ်းအကြောင်း