ဇာတ်ကားများ ရွေးရန်

The Crowned Clown

2019ဇာတ်လမ်းတွဲအမှတ် 8.9/10

The Crowned Clown (2019) အပိုင်း (1 မှ 16) စ/ဆုံး ဒီတစ်ခေါက်မှာတော့ မင်းသား Yeo Jin Goo နဲ့ မင်းသမီး Lee Se Young တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ နန်းတွင်းစီးရီးဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ 2012 ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသား Lee Byung Hun ရဲ့ နာမည်ကြီးရုပ်ရှင် Masquerade ကို ဒရမ်မာအဖြစ် ပြန်လည် အသက်သွင်းထားခြင်းဖြစ်ပြီး ဒရမ်မာဗားရှင်းမှာတော့ မင်းသား Yeo Jin Goo က ရူးသွပ်နေတဲ့ ဘုရင်တစ်ဖြစ်လဲ နိမ့်ကျတဲ့ သာမန်လူပြက်လေးအဖြစ် ဇာတ်ရုပ်နှစ်ခုကို ပီပီပြင်ပြင် သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - ပုန်ကန်မှု၊ အာဏာလုပွဲတွေ အလွန်အမင်း ပြင်းထန်ဆိုးရွားနေတဲ့ ဂျိုဆွန်းခေတ်အလယ်ပိုင်းမှာဆိုရင် ဘုရင်အီဟွန်း (Yeo Jin Goo) ဟာ လုပ်ကြံသူတွေလက်ကနေ လွတ်ကင်းဖို့အတွက် သူနဲ့ ရုပ်ချင်းတစ်ပုံစံတည်းတူတဲ့ လူပြက် ဟာဆွန်း (Yeo Jingoo) ဆိုသူကို သူ့နေရာမှာ အစားထိုး နေခိုင်းလိုက်ပါတယ်။ ဘုရင်အဖြစ် ဟန်ဆောင်နေထိုင်ရင်း အာဏာကြီးမားသူတွေရဲ့ ဖိနှိပ်မှုအောက်က ပြည်သူတွေရဲ့ ဒုက္ခကို မြင်တွေ့လာရတဲ့ ဟာဆွန်းဟာ တကယ့် မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်လာဖို့ သန္နိဋ္ဌာန်ချလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း မိဖုရားခေါင်ကြီး ယူဆိုဝန်း (Lee Se Young) က အရင်ကနဲ့မတူဘဲ ပြောင်းလဲလာတဲ့ ခင်ပွန်းသည်ရဲ့ နူးညံ့နွေးထွေးတဲ့ အပြုအမူတွေကြောင့် ငြိမ်သက်နေခဲ့တဲ့ ရင်ခုန်သံတွေ ပြန်လည်သက်ဝင်စပြုလာတဲ့အခါမှာတော့... နန်းတွင်းအရှုပ်တော်ပုံတွေကြားမှာ ဟာဆွန်းက မိမိ တန်ဖိုးထားရသူတွေနဲ့ တိုင်းပြည်ကို ဘယ်လို ကြိုးစားကာကွယ်သွားမလဲ သာမန်လူပြက်လေးနဲ့ မိဖုရားခေါင်ကြီးတို့ကြားက အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းလှပနိုင်ပါ့မလားဆိုတာကို ဒရမ်မာလေးထဲမှာ ဆက်လက်ရှုစားပေးကြပါဦး။ Aired: Jan 7, 2019 - Mar 4, 2019 Aired On: Monday, Tuesday Genres: Historical, Romance, Melodrama, Political Episodes: 16 Original Network: tvN

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း