ဇာတ်ကားများ ရွေးရန်

Veil of Shadows

2026ဇာတ်လမ်းတွဲ

ဒီတစ်ခါတော့ ရှန်းရှဇာတ်အိမ်ကိုမှ ခပ်မိုက်မိုက် CGI တွေအပြင် သရုပ်ဆောင်မြိုင်မြိုင်နဲ့ကြည့်ရမဲ့စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးမှာပါ။ ဇာတ်အိမ်က နဂါးနတ်ဘုရားရဲ့စွမ်းအားရှာဖွေကြပုံကို ဇာတ်အိမ်တည်ထားပြီး အခက်အခဲတွေကြားကနေ အချစ်၊ သံယောဇဉ်တွေကိုပါ အမိအရရိုက်ကူးထားတာမို့ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ဒီစီးရီးမှာ Feud ထဲက Joseph Zeng က လက်စားချေလိုစိတ်ပြင်းပြတဲ့မိစ္ဆာတစ်ပါးအဖြစ် အဓိကပါဝင်ထားပြီး မမ Ju Jing Yi ကတော့ အလှပဂေးလေး ကိုးမြီးမြေခွေးမိစ္ဆာမလေးအဖြစ် ပါဝင်ထားသလို မမ Chen Du Ling ကလည်း Ju Jing Yi ရဲ့အစ်မအဖြစ် ပါဝင်သရုပ်ဆောင်ထားတာမို့ သရုပ်ဆောင်တွေနဲ့တင် ဇာတ်လမ်းကိုကြည့်ရတာ တန်နေပါပြီ။ ဇာတ်လမ်းအညွှန်း >>> ဝူရှန်းယွဲ့အဖွဲ့အစည်းရဲ့အငယ်ဆုံးသော မြေခွေးကိုးမြီးရှင် လုဝူယီဟာ အင်အားကြီးမားလှတဲ့မိစ္ဆာကြီးရှောင်ဝေကိုရှာဖွေဖို့ တာဝန်ပေးခံခဲ့ရပါတယ်။ သူဟာ သာသနာပြုတစ်ပါးအဖြစ်ရုပ်ဖျက်ပြီး လော့အန်းမြို့က ဝေအိမ်တော်ထဲကိုဝင်ရောက်ခဲ့ရာမှ ရှောင်ဝေကို လိုက်လံရှာဖွေနေသူဟာ သူတစ်ယောက်တည်းမဟုတ်ကြောင်း သိလိုက်ရပါတယ်။ သူတို့ထဲမှာ လက်စားချေဖို့ကြိုးစားနေတဲ့ မိစ္ဆာ ဝူရှီကွမ်း၊ ပါးနပ်လွန်းတဲ့မြေခွေးကိုးမြီးရှင်တစ်ဖြစ်လဲ လုဝူယီရဲ့အစ်မ ဝူဝမ်ယန်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အတိတ်တွေကို ပိုင်ဆိုင်ထားပေမဲ့ အပြစ်ကင်းစင်ပုံရတဲ့ ဘုန်းတော်ကြီးကျိလင်တို့လဲ ပါဝင်နေပါတယ်။ သူတို့အသီးသီးဟာ "နဂါးနတ်ဘုရားရဲ့စွမ်းအား" ကို ရှာဖွေနေကြတာဖြစ်ပြီး အချို့က ကာကွယ်ဖို့၊ အချို့ကတော့ သတ်ဖြတ်ဖျက်ဆီးဖို့စတဲ့ ရည်ရွယ်ချက်ကိုယ်စီ ရှိနေကြပါတယ်။ ဒီလိုတိုက်ပွဲတွေ၊ သံယောဇဉ်တွေနဲ့အချစ်နွံတွေကြားမှာ သူတို့ဟာ အခက်အခဲများစွာကိုရင်ဆိုင်ရင်း ငြိမ်းချမ်းရေးကိုကာကွယ်ဖို့နဲ့ မိမိတို့ရဲ့ကံကြမ္မာကိုပြောင်းလဲပစ်ဖို့အတွက် စွန့်လွှတ်အနစ်နာခံမှုများစွာ ပြုလုပ်ခဲ့ရပြန်ပါတယ်။ ဒီစီးရီးထဲမှာ Main Character အများကြီးအပြင် သရုပ်ဆောင်များစွာပါတာမို့ ရှန်းရှကိုမှ ဇာတ်လမ်း‌မိုက်မိုက် သရုပ်ဆောင်မြိုင်မြိုင်နဲ့ကြည့်ချင်ရင်တော့ ဒီစီးရီးက must watch ပါပဲနော်။ Total Episodes : 29 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

29 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 29 အပိုင်း

ဇာတ်လမ်းအကြောင်း