Witch Hat Atelier
Witch Hat Atelier (2026) ဒီ Witch Hat Atelier (Tongari Boushi no Atelier) ဆိုတာက Manga အနေနဲ့ တော်တော်နာမည်ကြီးထားပြီး အောင်မြင်နေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ တစ်ကမ္ဘာလုံးအနေနဲ့လည်း Manga copy ၇ သန်းကျော် ရောင်းချထားနိုင်ပြီး စာပေဆိုင်ရာ ဆုတော်တော်များများလည်း ဆွတ်ခူးထားပါသေးတယ်။ ဖန်တီးသူ Kamome Shirahama ဆိုတာလည်း Marvel နဲ့ DC Comic တွေကိုရော Cover ရေးဆွဲခဲ့တဲ့သူပေါ့။ သူ့လက်ရာတွေက သာမန်ဂျပန် Mangaka တွေနဲ့မတူပဲ ခေတ်ဟောင်းဥရောပစတိုင် ပန်းချီအနုပညာဆန်ပါတယ်။ ဒါကြောင့် ဒီလိုလှပတဲ့ Fantasy Manga လေးက Anime အဖြစ် ပွဲထွက်လာပြီဆိုတော့ ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ ဘာလို့လဲဆိုတော့ Visual ပိုင်းတွေတင်မက ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာကောင်းနေလို့ပါပဲ။ ဒီထဲက ဇာတ်လိုက်မလေး CoCo ဆိုရင် ချစ်စရာကောင်းပြီး Qifrey ဆိုတဲ့ မှော်ဆရာလေးဆို Gojo လက်သစ်ဆိုပြီးတောင် လိုင်းပေါ်မှာ ပြောဆိုနေကြပါပြီ။ ကဲ ဒီတော့ ဇာတ်လမ်းအကြောင်းလေးကို ပြောပြပေးမယ်။ Coco ဆိုတဲ့ အဝတ်အထည်ဆိုင်ရှင်ရဲ့သမီးဖြစ်သူ ချစ်စရာကောင်မလေးက မွေးရာပါ စုန်းမျိုးမဟုတ်တာကြောင့် မှော်ပညာတွေနဲ့ သက်ဆိုင်ရာမှန်သမျှကို အဝေးကနေပဲ ငေးမျှော်အားကျနေခဲ့ရသူလေးပေါ့။ ဒီလိုနဲ့ တစ်နေ့ကျ သူတို့ဆိုင်ကို မှော်ဆရာတစ်ဦးဖြစ်တဲ့ Qifrey ဆိုတဲ့လူ ရောက်လာခဲ့တယ်။ ပြဿနာအသေးလေး ဖြစ်ပြီး Qifrey အနေနဲ့ မှော်ပညာကို အသုံးပြုဖို့ ဖြစ်လာခဲ့ရော။ ဒီကမ္ဘာကြီးမှာက စုန်းတွေက မှော်ပညာကို အများပြည်သူရှေ့ သုံးခွင့်မရှိပါဘူး အဲဒါကြောင့် Coco ကို လူစောင့်ထားပြီး သူတစ်ယောက်တည်း မှော်အစီအရင်လုပ်တဲ့အချိန်မှာပဲ စပ်စုလိုစိတ်ကို မထိန်းနိုင်တော့တဲ့ Coco တစ်ယောက် ခိုးကြည့်ရာကနေ မှော်ပညာ ဖန်တီးမှု လျှို့ဝှက်ချက်ကို သိရှိသွားခဲ့ပါတော့တယ်။ အဲဒါနဲ့တင်မကသေးပဲ သူငယ်စဉ်တုန်းက မြို့ပွဲတော်တစ်ခုကနေ လမ်းဘေးဈေးသည်တစ်ဦးဆီက ဝယ်လာတဲ့ မှော်ပန်းချီစာအုပ်ကို သူ မြင်ခဲ့တဲ့အတိုင်း တက်ယောင်ကား လိုက်လုပ်ရာကနေ ငါးပါးတွေမှောက်ကုန်ပါတော့တယ်။ အဲဒါကြောင့် Coco တစ်ယောက် Qifrey နဲ့ ရေစက်ဆုံလာပြီး ရှေ့ဆက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် အပတ်စဉ် စောင့်မျှော်ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်နော်...။
အပိုင်းများ
13 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း