ဇာတ်ကားများ ရွေးရန်

Rebirth

2026ဇာတ်လမ်းတွဲအမှတ် 9.0/10

C drama fan တို့ကို ဒီတစ်ခါတော့ မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ မင်းသားချော Li Yun Rui ရဲ့စီးရီးသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးက မထွက်ခင်ကတည်းက ပရိသတ်တွေ သစ်ကုလားအုတ်ဖြစ်မတတ် စောင့်မျှော်ခဲ့ရသလို ရုပ်ရှင်ရဲ့ဇာတ်အိမ်အပြင် အပြင်အဆင်နဲ့ဇာတ်ကောင်ရွေးချယ်မှုတွေကလဲ ပရိသတ်အကြိုက်နဲ့ တကယ်ကိုထပ်တူညီလှပါတယ်။ ဒီစီးရီးမှာ Li Yun Rui အပြင် Huangyang Tian Tian၊ Zhang Kang Le၊ Xia Meng နဲ့ Li Xiao Qian တို့ကလဲ Main Lead အဖြစ်ပါဝင်ထားကြတာမို့ တရုတ်ဇာတ်လမ်းကောင်းကောင်းကိုမှ ဇာတ်ကောင်မြိုင်မြိုင်နဲ့ ကြည့်ရမှာပါနော်။ ဇာတ်လမ်းအညွှန်း >>> အစေခံမလေး ချူချောင်ကို ယန်ပေနယ်ရဲ့အမွေဆက်ခံသူ ယန်ရွှမ်းက ဘေးဒုက္ခတွေကြားကနေ ကယ်တင်ခဲ့ပါတယ်။ ယန်ရွှမ်းက ချူချောင်ရဲ့အသက်သခင်‌ကျေးဇူးရှင်ဖြစ်သလို နှစ်ဦးကြားမှာ ခိုင်မြဲလှတဲ့သံယောဇဉ်တစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါ‌တော့တယ်။ ဒါပေမဲ့ အာဏာမက်မောမှုတွေကြောင့် ပဋိပက္ခတွေဖြစ်လာပြီး ယုံကြည်မှုကိုသစ္စာဖောက်ခံလိုက်ရတဲ့အခါ ချူချောင်ဟာ အာဏာလုပွဲတွေနဲ့ တရားမျှတမှုတိုက်ပွဲတွေကြားမှာ မရှုမလှပိတ်မိသွားခဲ့ရှာပါတယ်။ ဒီလိုမငြိမ်မသက်မှုတွေနဲ့ ကိုယ်ကျိုးစွန့်လွှတ်မှုတွေကြားမှာ သူဟာ ပြည်သူတွေနဲ့ဇာတိမြေကို ကာကွယ်ဖို့ "မျှော်လင့်ချက်ပြယုဂ်" တစ်ခုအဖြစ် ထွက်ပေါ်လာကာ အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ပါတော့တယ်။ ဒီစီးရီးမှာ တိုင်းရေးပြည်ရာကြားက ခက်ခဲစွာလန်းဖြာလာမဲ့ချစ်ခရီးလမ်းကိုပါ မြင်တွေ့ရမှာဖြစ်ပြီး ဘဝခါးခါးကြား ချိုမြမြအချစ်တွေကြောင့် ကြည့်ရှုသူကို ဖြိုင်ဖြိုင်မိုးစေမှာ ကျိန်းသေပဲမို့ တစ်ရှူးလေးဆောင်ရင်း ကြည့်ကြပါဗျို့။ Total Episodes : 40 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

40 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 40 အပိုင်း

ဇာတ်လမ်းအကြောင်း