ဇာတ်ကားများ ရွေးရန်

Sins of Kujo (aka) Kujô no Taizai

2026ဇာတ်လမ်းတွဲအမှတ် 4.3/10

Sins of Kujo (2026) Season 01 (Complete) IMDb Rating (7.0) ဒီဇာတ်လမ်းတွဲလေးကတော့ Shohei Manabe ရဲ့ Kujo no Taizai ဆိုတဲ့ နာမည်ကျော် Manga ကို Netflix ကနေပြီးတော့ live action အဖြစ် ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ မှုခင်းဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကူဂျို တိုင်ဇာဟာ ဆိုးပေ့ ကြမ်းပေ့ ဆိုတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင်တွေ လူမိုက်အုပ်စုတွေ ကလေကချေတွေကိုမှ တရားရုံးမှာ ခုခံလျှောက်လဲပေးပြီး ကြီးတဲ့အမှုကို ငယ်စေ၊ ငယ်တဲ့အမှုကို ပပျောက်စေ ဆိုပြီး အပီအပြင်ချနေတဲ့ တရားပြိုင်ရှေ့နေတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ ရှေ့နေလောကမှာ ရှေ့နေယုတ် ဆိုပြီးတော့ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ တစ်ဖက်မှာတော့ ရှင်ဂျီ ကာရာဆူမာဆိုတဲ့ ရှေ့နေကတော့ ထိပ်တန်းရှေ့နေရုံးတွေမှာ အလုပ်အတွေ့အကြုံကောင်းတွေ ရှိခဲ့ပေမဲ့ ရှေ့နေ ကူဂျိုဟာ ဘယ်လိုလူမျိုးလဲ၊ သူ့လုပ်ရပ်တွေ၊ သူ့ရပ်တည်ချက်တွေက တကယ်ရော ယုတ်ညံ့တာလား၊ ဒါမှမဟုတ် မှန်ကန်တာလားဆိုတာကို သိချင်တဲ့အတွက် ကူဂျိုနဲ့အတူ အမှုတွေမှာ လက်တွဲဆောင်ရွက်ဖို့ အင်တာဗျူးလာဖြေရာကနေ နှစ်ယောက်သား အလုပ်လုပ်ဖြစ်သွားခဲ့ပါတယ်။ ဒီတော့ လူကောင်းလား လူဆိုးလား ခန့်မှန်းမရတဲ့ ရှေ့နေ ကူဂျိုနဲ့ သမာသမတ် စာအုပ်ကြီးသမား ရှေ့နေ ကာရာဆူမာတို့ နှစ်ယောက်သား အမှုတွေကို ဖြေရှင်းကြရင်း ဒီဇာတ်လမ်းတွဲလေးမှာ ‌ရှေ့နေ ကူဂျိုရဲ့ ဇာတ်ကောင်ကို အဖြေရှာရင်း စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (600 MB) / (350 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama Duration…. 00:41:16 Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း