ဇာတ်ကားများ ရွေးရန်

Gangho Neighborhood Bookstore

2026ဇာတ်လမ်းတွဲအမှတ် 8.8/10

Gangho Neighborhood Bookstore (2026) အပိုင်းသစ် (1 မှ 8) စ/ဆုံး ဒီတစ်ခါမှာတော့ စာဖတ်ဝါသနာရှင်တွေ အကြိုက်တွေ့စေမဲ့ Talk Show လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ နာမည်ကြီး Comedian တွေထဲက တစ်ဦးဖြစ်တဲ့ Kang Ho Dong က အဓိက Host အနေနဲ့ တင်ဆက်သွားမှာဖြစ်ပြီးတော့ အပိုင်းတိုင်းမှာ နယ်ပယ်အသီးသီးမှ နာမည်ကြီး ပုဂ္ဂိုလ်တွေ စုံစုံလင်လင် လာရောက်သွားမှာပဲ ဖြစ်ပါတယ်။ နှစ်၂၀၀၀ ရှင်သန်လာတဲ့ ဆိုကရေးတီးရဲ့ တပည့်ဖြစ်သူ ဟိုကရေးတီး (Kang Ho Dong) ဟာဆိုရင် စာအုပ်ရောင်းဖို့ ရောက်လာတဲ့သူတွေဆီကနေ စာအုပ်တန်ဖိုးအတွက် ငွေသားရော ကတ်နဲ့ပါ လက်မခံပါဘူးတဲ့။ စာအုပ်ရောင်းဖို့ ရောက်လာတဲ့သူတိုင်းရဲ့ ကိုယ်စီစိတ်ဝင်စားစရာ ဇာတ်ကြောင်းလေးတွေနဲ့ စာအုပ်လေးတွေရဲ့ တန်ဖိုးကို သတ်မှတ်သွားမှာပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ပုံစံတစ်မျိုးနဲ့ ရောက်ရှိလာတဲ့ ဒီရှိုးလေးမှာဆိုရင် စာအုပ်လေးတွေအကြောင်း ဖလှယ်ကြရင်း စိတ်အပန်းလည်းပြေစေတာကြောင့် စာအုပ်ချစ်သူတို့ အကြိုက်တွေ့မှာ သေချာတဲ့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ Aired: Mar 6, 2026 - Apr 24, 2026 Aired On: Friday Genres: Life, Talk Show, Reality Show Episodes: 8 Original Network: COUPANG TV

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း