ဇာတ်ကားများ ရွေးရန်

MAO

2026ဇာတ်လမ်းတွဲအမှတ် 7.0/10

Mao (2026) IMDB - 7.7/10, MyAnimeList - 7.1/10 Mao ဆိုတဲ့ ဒီ သဘာဝလွန် လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးဟာ နာမည်ကြီး Inuyasha တို့ Ranma 1/2 တို့ကိုပဲ ရေးသားခဲ့တဲ့ ဆရာမကြီး Rumiko Takahashi ရဲ့ နောက်ထပ်လက်ရာတစ်ပုဒ် ဖြစ်ပါတယ်။ အခုတော့ Anime အဖြစ် အသက်သွင်းလိုက်ကြပါပြီ။ ထုံးစံအတိုင်း သူ့လက်ရာဆိုတော့ Inuyasha လို ခေတ်နှစ်ခုကြား ကူးပြောင်းသွားလာတာတွေ မိစ္ဆာတွေနဲ့ တိုက်ခိုက်တာတွေ ပါပါမယ်။ ရှေးဟောင်းဂမ္ဘီရဆိုင်ရာ မကောင်းဆိုးဝါး နာနာဘာဝ ကျိန်စာ စသဖြင့် ထူးဆန်းဖွယ်လာတွေ မြင်ရမှာပဲ ဖြစ်ပါတယ်။ သူ့ဇာတ်လမ်းလေးကတော့ Nanoka ဆိုတဲ့ အထက်တန်းကျောင်းသူလေးက ငယ်စဉ်တုန်းက ၁ တန်းအရွယ်မှာ ဈေးတန်းတစ်ခုရှေ့မှာ မိဘတွေနဲ့အတူ ကားမှောက်ပြီး တစ်ဦးတည်း ထူးဆန်းစွာ ရှင်ကျန်ခဲ့သူလေးတစ်ဦးပေါ့။ အခု အသက်ကြီးပြီး အထက်တန်းရောက်လာတော့လည်း ဒီဈေးတန်းလေးက ထူးဆန်းတဲ့အသံတွေကြားပြီး သရဲခြောက်တာလိုလို ဘာလိုလိုနဲ့ နာမည်ကြီးနေရော။ ဒါနဲ့တစ်ရက်ကျ ဒီဈေးတန်းလေးထဲကို Nanoka တစ်ယောက် ဝင်သွားလိုက်တော့ အံ့သြစရာကောင်းစွာနဲ့ ၁၉၂၀ ဝန်းကျင် Taisho ခေတ်ကာလကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာပဲ မိစ္ဆာကြီးတစ်ကောင် တိုက်ခိုက်တာခံရတဲ့အချိန် Onmyoji (နတ်ဆရာ) ဖြစ်တဲ့ Mao ဆိုတဲ့ အေးတိအေးစက်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်နဲ့ သူ့တပည့်လေးဖြစ်တဲ့ Otoya တို့က ကယ်တင်ပေးလိုက်ပါတယ်။ ဒီတော့ Nanoka တစ်ယောက် ဘာလို့ ဒီနေရာကိုဝင်ရင် ဒီခေတ်ကို ရောက်လာရသလဲ၊ သူ့ခန္ဓာကိုယ်က ပြောင်းလဲမှုတွေကရော ဘာလဲ၊ ငယ်စဉ်ကတည်းက မတော်မဆမှုကရော သွေးရိုးသားရိုးလား ပရောဂတစ်ခုခုပါနေသလား စတဲ့အဖြေတွေကို Mao ဆီကနေ သိရဖို့ ကြိုးပမ်းပါတော့တယ်။ Mao ကိုယ်တိုင်ကလည်း ထူးဆန်းတဲ့ကျိန်စာတစ်ခုမိထားတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ကံကြမ္မာက ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာတော့ ဖန်သားပြင်ပေါ် ဆက်လက်ရှုစားရမှာပဲ ဖြစ်ပါတယ်...။

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း