ဇာတ်ကားများ ရွေးရန်

In Love with Loving You

2026ဇာတ်လမ်းတွဲ

C drama fan တို့အတွက် ဒီတစ်ခါတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအချစ်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးလေးက Mini Series လေးဖြစ်ပြီး Mini Star လေးတွေဖြစ်တဲ့ Xiao Yu နဲ့ Zhang Fei Ran တို့က လိုက်ဖက်ညီစွာပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီစီးရီးလေးက လူချမ်းသာသူဌေးလေးနဲ့ သာမန်မိန်းကလေးတို့ကြားက မရိုးမယွအချစ်ဇာတ်လမ်းလေးကို ဇာတ်အိမ်တည်ထားပြီး သုံးပွင့်ဆိုင် vibe လေးပါ ရစေမှာမို့ ပုံမှန်ချစ်ကြိုက်တာထက်စာရင် ဇာတ်လမ်းအနိမ့်အမြင့်လေးတွေကြောင့် ကြည့်ရတာ စိတ်လှုပ်ရှားစရာကောင်းနေမှာပါ။ ဇာတ်လမ်းအညွှန်း >>> ဘဝရဲ့အဆိုးရွားဆုံးအခြေအနေကို ရောက်နေတဲ့အချိန်မှာ စုန့်ကျောက်လီဟာ မိသားစုသောကတွေကြားမှာရုန်းကန်နေရတဲ့ ကျီရွှမ်းနဲ့ ဆုံတွေ့ခဲ့ပြီး ကျီရွှမ်းရဲ့ပညာရေးအတွက် တိတ်တဆိတ် ထောက်ပံ့ပေးခဲ့ပါတယ်။ နှစ်အတော်ကြာပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့ဆုံတွေ့မှုတစ်ခုကတစ်ဆင့် ကျီရွှမ်းဟာ သူ့ဘဝထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ စုန့်ကျောက်လီဟာ အခက်အခဲများစွာကိုကျော်ဖြတ်ပြီး အာဏာရှိတဲ့နေရာတစ်ခုကို တက်လှမ်းလာနိုင်တဲ့အချိန်မှာ သူတို့နှစ်ဦးဟာ တစ်ဦးကိုတစ်ဦးဆွဲလိုက်တွန်းလိုက်နဲ့ အချေအတင်ဖြစ်ရတဲ့ပတ်သက်မှုတစ်ခုထဲကို ရောက်ရှိသွားကြပါတယ်။ အမြဲတမ်းလိုလို အချေအတင်ဖြစ်ပွားရာကနေ တဖြည်းဖြည်းနားလည်မှုတွေ တည်ဆောက်လာကြရင်း တစ်ဦးအပေါ်တစ်ဦးလေးစားတတ်လာကြပြီး နောက်ဆုံးမှာတော့ အချစ်စွမ်းအားနဲ့ အချင်းချင်းရဲ့စိတ်ဒဏ်ရာတွေကို အကောင်းဆုံးကုစားပေးနိုင်ခဲ့ကြပါတယ်။ တည်ငြိမ်အေးစက်တယ်လို့ထင်ရပေမဲ့ အချစ်နဲ့ထိတွေ့ချိန်မှာ အရည်ပျော်ကျလာတဲ့စုန့်ကျောက်လီနဲ့ တိတ်တခိုးပံ့ပိုးပေးခဲ့သူကို အမြဲသိချင်နေခဲ့တဲ့ကျီရွှမ်းတို့ကြား အချစ်မီးပွားလေးတွေ ဘယ်လိုတောက်လောင်ဖြာထွက်လာမလဲဆိုတာကို အသဲတယားယားကြည့်ရှုရမှာမို့ ပြင်းပြင်းပြပြအချစ်ဇာတ်လမ်းကိုမှ ကြိုက်တတ်ရင်တော့ ဒီစီးရီးလေးက ကြည့်ဖို့အသင့်တော်ဆုံးပါပဲ။ Total Episodes : 24 Quality : WEB-DL 1080p Format : mp4 Genres : Drama Runtime : 15 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း