ဇာတ်ကားများ ရွေးရန်

Eight Hundred

2026ဇာတ်လမ်းတွဲ

နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြစ်နေတဲ့ပြိတ်သတ်တို့ကို C drama အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးက မှုခင်းအသားပေး စုံထောက်ဇာတ်လမ်းမို့ ကြည့်ရသူရင်ထဲ အသဲတအေးအေးဖြစ်မှာ အမှန်ပါပဲ။ ဒီစီးရီးမှာ ကိုကို Xu Kai က MC အဖြစ်ပါဝင်ထားပြီး Ding Yong Dai နဲ့ Ancy Deng တို့ကလဲ MC အဖြစ်သရုပ်ဆောင်ထားကြပါတယ်။ သူတို့သုံးဦးအပြင် Hu Ke၊ Tu Song Yan၊ Qu Zha Zha တို့လိုသရုပ်ဆောင်တွေကပါ ပံ့ပိုးပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ၉၀ ခုနှစ်နှောင်းပိုင်းလောက်ကပေါ့၊ ဖုန်းယန်လို့ခေါ်တဲ့ သတ္တုတွင်းမြို့လေးတစ်မြို့မှာ ဘယ်သူမှန်းမသိတဲ့အမျိုးသမီးအလောင်းတစ်ခု တွေ့လိုက်ရလို့ တစ်မြို့လုံး တုန်လှုပ်ကုန်ကြပါတယ်။ ဒီအမှုကိုစုံစမ်းဖို့တာဝန်ယူရတဲ့ ရဲအရာရှိ ချန်ဟုန်ပင်းက သေဆုံးသူရဲ့လည်ပင်းမှာကပ်နေတဲ့ ဖန်ကွဲစလေးတွေကိုသေချာကြည့်ရင်း ထူးခြားတာတစ်ခု သတိထားမိသွားခဲ့ပါတယ်။ အဲဒီဖန်စတွေဟာ အစိုးရက ပိတ်ပင်ထားတဲ့မူးယစ်ဆေးပုလင်းရဲ့အစအန‌တွေ ဖြစ်နေတာပါပဲ။ အဲဒီနောက် သိပ်မကြာခင်မှာပဲ မြို့ထဲမှာ တစ်စုံတစ်ယောက်က အဲဒီတရားမဝင်ဆေးကိုသုံးနေမှန်း သူ ထပ်သိလိုက်ရပြန်ပါတယ်။ ဒါကြောင့် အမှန်တရားကိုဖော်ထုတ်ဖို့နဲ့ အဲဒီမူးယစ်ဆေးဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ ချန်ဟုန်ပင်းနဲ့သူ့အဖွဲ့သားတွေ အပတ်တကုတ်ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ဒီအရှုပ်ထုပ်တွေအားလုံးရဲ့နောက်ကွယ်မှာ ကြိုးကိုင်နေသူဟာ သူနဲ့အရင်းနှီးဆုံး၊ အနီးကပ်ဆုံးလူဖြစ်နေမယ်လို့ သူ လုံးဝမထင်ထားခဲ့ပါဘူး။ တာဝန်နဲ့မိသားစုကြား၊ ဥပဒေနဲ့လူသားဆန်မှုကြားမှာ ဗျာများနေရတဲ့ ချန်ဟုန်ပင်းတစ်ယောက် ဘယ်လိုဆက်လုပ်မလဲ? အကောင်းနဲ့ အဆိုးကြားမှာ ဘယ်လမ်းကို ရွေးမလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာမို့ နှစ်သစ်မှာ အမှုသစ်တွေအတွက် ဦးနှောက်တူးရင်း စီးမြောခံစားလိုက်ပါအုံး ချစ်ပရိတ်သတ်တို့ရေ။ Total Episodes : 20 Quality : WEB-DL 1080p,720p Format : mp4 Genres : Drama Runtime : 15 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း