ဇာတ်ကားများ ရွေးရန်

Homestead: The Series

2025ဇာတ်လမ်းတွဲအမှတ် 6.3/10

Homestead: The Series (2025) S1 +++++++++++++ အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး ၂၀၂၅ ခုနှစ်မှာ တော်တော်လေး လူပြောများခဲ့တဲ့ Homestead Series က Angel Studios ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး ၂၀၂၄ မှာထွက်တဲ့ ရုပ်ရှင်ရဲ့အဆက် အပိုင်းသစ်တွေကို ၂၀၂၅ ထဲမှာ တစ်ပိုင်းချင်းစီ ဆက်တင်ပေးနေတာပါ။ Post-Apocalyptic (ကမ္ဘာပျက်ကပ်ဘေးအလွန်) ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝအကြိုက်ဖြစ်မှာပါ။ ဇာတ်လမ်းက အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ နျူကလီးယားဗုံး ပေါက်ကွဲသွားပြီးတဲ့နောက် တစ်နိုင်ငံလုံး လျှပ်စစ်မီးတွေပြတ်၊ ဆက်သွယ်ရေးတွေပြတ်တောက်ပြီး ပရမ်းပတာဖြစ်သွားတဲ့ အခြေအနေကို အခြေခံထားတာပါ။ Ian Ross ဆိုတဲ့ သူဌေးကြီးတစ်ယောက်က အမြော်အမြင်ရှိတော့ ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ သူက ကျောက်တောင်တန်းတွေပေါ်မှာ "Homestead" လို့ခေါ်တဲ့ ကိုယ်ပိုင်အိမ်ရာဝင်းကြီးတစ်ခု တည်ဆောက်ထားပြီး အစားအစာ၊ လက်နက်နဲ့ လုံခြုံရေးတွေကို အပြည့်အစုံ စုဆောင်းထားပါတယ်။ ဒါပေမဲ့ ပြဿနာက Ian ကိုယ်တိုင် သေနတ်ဒဏ်ရာနဲ့ ကိုမာ (Coma) ဖြစ်သွားတဲ့အချိန်မှာ စတာပါပဲ။ သူ့ဇနီးဖြစ်သူ Jenna က ဒီအိမ်ရာဝင်းကြီးကို ဆက်ထိန်းသိမ်းဖို့ ကြိုးစားရပါတယ်။ အပြင်မှာ ငတ်မွတ်နေတဲ့ ဒုက္ခသည်တွေကို အထဲပေးဝင်မလား..... ဒါမှမဟုတ် ကိုယ့်လူတွေအတွက်ပဲ ကိုယ်ကြည့်မလားဆိုတဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ခက်ခက်ခဲခဲ ချမှတ်ရပါတယ်။ တစ်ဖက်မှာလည်း အစိုးရဟောင်းက အရာရှိတွေနဲ့ လူမိုက်ဂိုဏ်းတွေက ဒီ Homestead ထဲက ရိက္ခာတွေကို လုယူဖို့ ချောင်းနေကြပါတယ်။ အိမ်ရာဝင်းကို ကာကွယ်ဖို့အတွက် စစ်တပ်က အထူးတပ်ဖွဲ့ဝင်ဟောင်းတွေကို ငှားထားတာကြောင့် တိုက်ခိုက်ရေးခန်းတွေက တော်တော်လေး ကြမ်းပါတယ်။ လုံခြုံရေးခေါင်းဆောင် Jeff ရဲ့ သမီးလေးက အနာဂတ်မှာ ဖြစ်လာမယ့် အကြမ်းဖက်မှုတွေကို ကြိုမြင်နေရတာက ဇာတ်လမ်းကို ပိုပြီး နက်နဲစေပါတယ်။ တခြားကမ္ဘာပျက်ကားတွေလိုမျိုး လူသားတွေ အချင်းချင်း သတ်ဖြတ်တာထက် "ဘယ်လို စုပေါင်းပြီး ပြန်လည်ထူထောင်မလဲ" ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်ကိုလည်း ထည့်သွင်းပြထားပါတယ်။ ဒီကားက "The Last of Us" လိုမျိုး ကပ်ဘေးအလွန် ရှင်သန်ရတဲ့ ဇာတ်လမ်းတွေကိုမှ "မိသားစု" နဲ့ "လူ့အသိုင်းအဝိုင်း" ဆိုတဲ့ အဓိပ္ပာယ်ကို ပိုပြီးအလေးပေးထားတာပါ။ အခုလက်ရှိ Season 1 အကုန်လုံး ထွက်ပြီးသလောက်ရှိနေပြီဆိုတော့ တန်းစီကြည့်လို့ရနေပြီနော်။ Size – 521MB / 284MB Quality – WEB-DL 1080p HEVC / 720p Episodes -  8 Eps Duration -  52m Subtitle – Myanmar Hardsub Format – mkv / mp4 Genre :  Action , Drama , Thriller

အပိုင်းများ

9 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း