ဇာတ်ကားများ ရွေးရန်

The Wire

2002ဇာတ်လမ်းတွဲအမှတ် 9.3/10

The Wire (2002) (Season 1 Ep 1 to 5) (Completed) IMDB : 9.3 Rotten Tomatoes : 94% Genre : Drama / Crime The Wire ဟာ Empire Magazine ရဲ့ အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲမှာ နံပတ် ၄ ချိတ်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ အကောင်းဆုံး ဇာတ်လမ်းတွဲလို့များလို့ရှာလိုက်ရင် The Wire ဟာ Breaking Bad / The Sopranos / Game of Thrones တို့နဲ့အပြိုင် ပေါ်လာတတ်တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ်။ The Wire ဟာ ထွက်ခဲ့ဖူးသမျှထဲ Realistic အဖြစ်ဆုံး TV Series အဖြစ်သက်မှတ်ခံထားရတဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဇာတ်လမ်းတွဲမှာ လူစွမ်းကောင်းမပါပါဘူး။ ၁၀၀ နဲ့ ၁ ယောက်ယှဉ်ချမယ့် ဆရာကြီးတွေလည်းမပါပါဘူး။ အကုန်လုံးက ကိုယ့်ဘဝနဲ့ကိုယ်တိုင်ပတ်ရင်း ရဲဝန်ထမ်းဘဝကို ဖြတ်သန်းကျပုံကို မှုခင်းနဲ့ပေါင်းပြီး တင်ဆက်ထားတာဖြစ်ပါတယ်။ စကားလုံးအသုံးနှုန်းတွေကလည်း ၁၀ ကြောင်းမှာ ၇ ကြောင်းလောက်က Curse Word တွေဖြစ်ပြီး Fck အသုံးဆုံး Series တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ Violence / Sex / Curse Word တွေပါဝင်ပြီး R-Rated ဖြစ်တာကြောင့် မိသားစုနှင့်တော့ ကြည့်ရှုရန်မသင့်ပါဘူး။ ဇာတ်ညွှန်း Baltimore မြို့မှာကြီးစိုးနေတဲ့လူတစ်ခုရှိတယ်။ အဲဒါကတော့ ရဲတွေမဟုတ်ပဲ West Coast က ဆေးရောင်းတဲ့လူမည်းတွေဖြစ်ပါတယ်။ ဒီလူမည်းတွေက တရားရုံးတက်လည်းနိုင်တယ်။ လူသတ်လည်းလွတ်တယ်။ သူတို့က တရားရုံးကို ခါးပိုက်ထဲမထည့်ထားဘူး။ ရဲတွေကိုလည်း လာဘ်မထိုးဘူး။ သူတို့က လမ်းပေါ်ကလူတွေအကုန်လုံးကို လက်ခုပ်ထဲကရေလုပ်ထားတယ်။ အသတ်ခံရတော့လမ်းပေါ်ကလူ၊ သက်သေထွက်တာလည်း လမ်းပေါ်ကလူ၊ ဒါပေမဲ့ အဲဒီလမ်းပေါ်ကလူတွေကို ကြီးစိုးနေတာက ဒီလူမည်းတွေ။ ဆိုတော့ လူသတ်မှု ၁၀ မှုမှာ ၉ မှုလောက်က တရားစွဲလို့တောင်မရဘူး။ စွဲလို့ရတဲ့ ၁ မှုကျပြန်တော့လည်း ကွင်းလုံးကျွတ်လွတ်သွားပြန်တယ်။ ဆိုတော့ သူတို့ကိုသွားထိလို့လည်းမရပြန်ဘူး။ သိနေပေမဲ့ သက်သေကမရှိဘူး။ ဒီလိုနဲ့ သူတို့ကို အမြစ်ဖြတ်ဖို့ ဆာဂျင်ဒယ်နီယဲလ်ရဲ့လက်ထဲကို တာဝန်တစ်ခုကရောက်လာတယ်။ ဆာဂျင်က ဌာနပေါင်းစုံက အကောင်းဆုံးလူတွေကို တောင်းခံခဲ့တယ်။ ဒါပေမဲ့လည်း သိတဲ့အတိုင်း ဒီလိုတောင်းခံလိုက်ရင် ဌာနပေါင်းစုံကလည်း ငကြောင်တွေ၊ ဂကြောင်တွေ ဌာနတွင်းသုံးစားမရဘူးလို့ ထင်တဲ့လူတွေအကုန်လုံးကို ထိုးထည့်တော့တာ။ အဲဒီထဲမှာ စုံထောက် မက်နယ်လ်တီလည်းပါတယ်။ ဒီလိုနဲ့ ဆာဂျင်ခေါင်းဆောင်တဲ့ အထူးဂကြောင်တပ်ဖွဲ့ကြီးဟာ West Coast ရဲ့အကြီးမားဆုံး ဆေးဂိုဏ်းကိုဖြုတ်ချဖို့ကြိုးစားကြပါတော့တယ်။ တစ်နေရာမှာ ပြဿနာရှာတတ်၊ ဌာနမှာ တိုင်ပတ်နေတဲ့လူတွေကလည်း တစ်နေရာရာမှာ အရမ်းကိုထူးချွန်သွားတတ်ပါတယ်။ ဘာတွေဆက်ဖြစ်မှာလဲကိုခံစားကြည့်လိုက်ကြပါ။ မက်နယ်လ်တီ အဖြစ် မင်းသား Dominic West ဆာဂျင်အဖြစ် မင်းသား Lance Reddick စထရင်ဂါဘဲလ်အဖြစ် မင်းသား Idris Elba ဝေါလေ့စ်အဖြစ် မင်းသား Michael B. Jordan အပြင် မျက်နှာသိတွေတော်တော်ပါတဲ့ ရုပ်သံဇာတ်လမ်းတွဲမလို့ Sit back, relax, and enjoy! ပါခင်ဗျာ။ File size… 2 GB/ 1 GB Quality… BluRay 1080p/ 720p Format… mp4 Duration…. 1h Genre ..... Crime / Drama Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

60 အပိုင်း၊ season 5 season
ပြထားသည် 12 မှ 13 အပိုင်း

ဇာတ်လမ်းအကြောင်း