ဇာတ်ကားများ ရွေးရန်

Scandal love

2026ဇာတ်လမ်းတွဲအမှတ် 8.5/10

Scandal Love (2026) အပိုင်း (၁ မှ ၁၀) စ/ဆုံး ဒီတစ်ခါမှာတော့ Idol လောကရဲ့ နောက်ကွယ်က ဖုံးကွယ်ထားတဲ့ အမှန်တရားတွေနဲ့ နက်နဲတဲ့ ခံစားချက် ပတ်သက်မှုတွေကို ရိုက်ကူးထားတဲ့ ကိုရီးယား GL ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Heo So Yoon နဲ့ Kim Hyeon soo တို့က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း စီးပွါးရေးဆန်ပြီး ထိန်းချုပ်ကန့်သတ်မှုတွေများတဲ့ အိုင်ဒေါလောကမှာ စိတ်ခံစားချက်တွေကို တမင်ဖန်တီးပြီးတော့ brand တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရောင်းချခံရတတ်ပါတယ် .. ဒီဇာတ်ကားလေးထဲမှာတော့ K-pop girl group စနစ်အတွင်းက အာဏာအဆင့်အတန်း မတူညီတဲ့ မိန်းကလေးတွေရဲ့ ဘဝကို ပုံဖော်ရိုက်ကူးထားပါတယ် .. တင်းကျပ်တဲ့ စာချုပ်တွေ ၊ လူထုရဲ့ ပြင်းထန်တဲ့ စောင့်ကြည့်ဝေဖန်မှုတွေကြားမှာ သူတို့ရဲ့ ခံစားချက်အစစ်အမှန်တွေကို မြှုပ်နှံထားကြရပါတယ် .. အချစ်စစ်နဲ့ အောင်မြင်မှု၊ ပတ်ဝန်းကျင်ရဲ့ အဆုံးအဖြတ်နဲ့ ကိုယ့်နှလုံးသားရဲ့ တောင်းဆိုမှု... ဒီထဲမှာ သူတို့ ဘယ်အရာကို ရွေးချယ်ကြမလဲ .. အရာရာကို စနစ်တကျ ပုံဖော်ထိန်းချုပ်ထားတဲ့ ဒီလောကကြီးထဲမှာ "စစ်မှန်တဲ့အချစ်" ဆိုတာ တကယ်ပဲ ရှင်သန်ခွင့်ရှိရဲ့လားဆိုတာကိုတော့ ဒီကားလေးထဲမှာပဲ ကြည့်ရှုခံစားကြည့်လိုက်ပါဦးနော် .. Episodes: 10 Aired: Apr 8, 2026 - May 7, 2026 Aired On: Wednesday, Thursday Original Network: iQIYI, Shortime Genres: LGBT, Romance, Drama

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း