Unchosen
Unchosen (2026) Season 01 (စ/ဆုံး) ဇာတ်လမ်းတွဲလေးကတော့ (ဧပြီလ ၂၁ ရက်) မှာပဲ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ British စိတ္တဇ သည်းထိတ်ရင်ဖို (Psychological Thriller) ကားသစ်လေးပါ။ ဇာတ်လမ်းအကျဉ်း အလုံပိတ် ဘာသာရေးဂိုဏ်း (Cult) တစ်ခုထဲမှာ နေထိုင်ကြတဲ့ ရိုစီ (Rosie) နဲ့ သူမရဲ့ ခင်ပွန်း အာဒမ် (Adam) တို့ မိသားစုအကြောင်းပါ။ သူတို့ဂိုဏ်းက လူတွေက သူတို့ကိုယ်သူတို့ "The Chosen (ရွေးချယ်ခံရသူများ)" လို့ သတ်မှတ်ထားကြပြီး ပြင်ပကမ္ဘာက "Unchosen (အပယ်ခံ)" တွေနဲ့ အဆက်အသွယ်မလုပ်ရဘူးဆိုတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ နေကြတာပါ။ တစ်နေ့တော့ မိုးတွေသည်းကြီးမည်းကြီး ရွာနေတုန်း သူတို့ရဲ့ ၅ နှစ်အရွယ် သမီးလေး ဂရေ့စ် (Grace) ပျောက်သွားရာကနေ ဇာတ်လမ်းစပါတယ်။ အဲဒီအချိန်မှာ ပြင်ပကမ္ဘာက သူစိမ်းတစ်ယောက်ဖြစ်တဲ့ ဆမ် (Sam) ဆိုတဲ့လူက သမီးလေးကို အသက်အန္တရာယ်ကနေ ကယ်တင်ပေးလိုက်တယ်။ ပြဿနာက ဆမ် ဆိုတာ ထောင်ပြေးတစ်ယောက် ဖြစ်နေတာပါပဲ။ ဒါပေမဲ့ ဒီ "အပယ်ခံ" သူစိမ်းတစ်ယောက်ရဲ့ ကယ်တင်မှုက ရိုစီရဲ့ အတွေးတွေကို စတင်ပြောင်းလဲသွားစေခဲ့တယ်။ ဒီလိုနဲ့ ရိုစီတစ်ယောက် သူမနေထိုင်နေတဲ့ ဂိုဏ်းရဲ့ တင်းကျပ်လွန်းတဲ့ စည်းမျဉ်းတွေ၊ လျှို့ဝှက်ချက်တွေနဲ့ အမှောင်ဘက်ခြမ်းတွေကို သတိထားမိလာပါတော့တယ်။ တကယ့်အန္တရာယ်အစစ်က ထောင်ပြေး ဆမ် ဆီမှာလား၊ ဒါမှမဟုတ် သူတို့ အသေအလဲ ယုံကြည်ကိုးကွယ်နေတဲ့ ဂိုဏ်းဆီမှာလား ဆိုတာကို စိတ်ဝင်စားစရာ ဆက်ကြည့်ရမယ့် ကားလေးပါ။ အပိုင်း ၆ ပိုင်းပဲ ပါတာမို့ ဇာတ်လမ်းက ဆွဲဆန့်ထားတာမျိုးမရှိဘဲ မြန်မြန်ဆန်ဆန် သွားပါတယ်။ ဘာသာရေးကို အသုံးချပြီး လူတွေကို ဘယ်လို ချုပ်ကိုင်ထားကြလဲဆိုတာကို အသေအချာ ရိုက်ပြထားတယ်။ ဇာတ်လမ်းဖန်တီးရှင် Julie Gearey က UK က တကယ့် Cult တွေကနေ ထွက်ပြေးလွတ်မြောက်လာသူတွေကို သေချာအင်တာဗျူးပြီးမှ ရေးထားတာမို့ တကယ့်အဖြစ်အပျက်တွေနဲ့ အတော်လေး နီးစပ်တယ်လို့ ဆိုရမယ်။ သရုပ်ဆောင်တွေအနေနဲ့ Sex Education ထဲက မင်းသား Asa Butterfield နဲ့ Molly Windsor, Fra Fee တို့ အဓိက ပါဝင်ထားပါတယ်။ Cult တွေ၊ စိတ်ပညာနဲ့ ပတ်သက်တဲ့ Thriller ခပ်မိုက်မိုက်လေးတွေ သဘောကျတတ်တယ်ဆိုရင်တော့ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးနော်။ File size… (700 MB) / (350 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller Duration…. 45min Subtitle…. Myanmar Subtitle (Hardsub)
အပိုင်းများ
6 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း