ဇာတ်ကားများ ရွေးရန်

Sankalp

2026ဇာတ်လမ်းတွဲ

Sankalp (2026) ကတိ နိုင်ငံရေးလောကရဲ့ နောက်ကွယ်က အာဏာကစားကွက်တွေကို ပီပြင်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ Amazon MX Player ရဲ့ နိုင်ငံရေးဒရာမာစီးရီးလေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးကို နာမည်ကျော် ဒါရိုက်တာ ပရာကတ်ရှ်ဂျားက ရိုက်ကူးထားတာဖြစ်ပြီး ဝါရင့်မင်းသားကြီး နာနာပါတေးကားရဲ့ ပထမဆုံး ပွဲဦးထွက် စီးရီးတိုလက်ရာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရှေးဟောင်းအိန္ဒိယက စာနကျအမတ်ကြီးနဲ့ စန္ဒြဂုတ္တမင်းကြီးတို့ရဲ့ ဆရာတပည့် ဆက်ဆံရေးကို ခေတ်သစ်နိုင်ငံရေးနောက်ခံနဲ့ ပြန်လည်ပုံဖော်ထားတာပါ။ ပတ်တနားမြို့မှာ ဂူရူကူလ်လို့ခေါ်တဲ့ ကျောင်းတစ်ကျောင်းဖွင့်ထားတဲ့ ဆရာကြီးကန်ဟိုင်ယာဟာ ထူးချွန်တဲ့ ကျောင်းသားတွေကို အစိုးရအရာရှိစာမေးပွဲ) အောင်မြင်တဲ့ထိ ပျိုးထောင်ပေးပါတယ်။ ဒါပေမဲ့ သူက ကျောင်းသားတွေကို အလကားသင်ပေးတာမဟုတ်ဘဲ သူတို့ အာဏာရှိတဲ့ နေရာတွေရောက်တဲ့အခါ သူ့ကို မင်းဆရာအဖြစ် တစ်သက်တာ သစ္စာခံဖို့ ကတိတောင်းခံလေ့ရှိပါတယ်။ ဒီလိုနဲ့ အစိုးရယန္တရားထဲမှာ သူ့တပည့်တွေ ပြန့်နှံ့သွားတဲ့အခါ ဆရာကြီးဟာ အာဏာကို နောက်ကွယ်ကနေ ကြိုးကိုင်လာရင်း သူ့ရဲ့ အချစ်ဆုံးတပည့် အာဒီတ်ယာနဲ့ ဆရာကြီးတို့ကြားက အယူအဆကွဲလွဲမှုတွေ၊ အာဏာလုပွဲတွေနဲ့ ကလဲ့စားတွေကို စိတ်ဝင်စားဖွယ် တွေ့မြင်ရမှဖြစ်ပါတယ်။ File Size – 1 GB(Appx;)@Episode Quality – 1080p WEB DL Duration –60 minute (@Episode) Total Episodes:10Eps Subtitle – Myanmar Hardsub Format – mkv Genre : Drama

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း