ဇာတ်ကားများ ရွေးရန်

Just to Meet You

2026ဇာတ်လမ်းတွဲ

ဒီတစ်ခါတင်ဆက်ပေးဖို့အလှည့်ကျလာတာကတော့ အချစ်ဒရမ်မာမီနီစီးရီးလေးတစ်ခုပါ ပရိတ်သတ်ရေ။ ဒီစီးရီးလေးက အချစ်ဒရမ်မာဆိုပေမဲ့ ဇာတ်အိမ်ကတော့ တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။ MC တွေကတော့ Queen of Darkness နဲ့ Affinity မှာ Main Lead အဖြစ်ပါဝင်ခဲ့တဲ့ Mini Series Star လေး Fang Jin နဲ့ Mini Series တွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာတဲ့ Zhang Jing Yun တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> မန်လုံမြို့မှာ "အိမ်ထောင်ရေးပျက်ပြားစေသူ" လို့ နာမည်ကျော်ပြီး ယောက်ျားတိုင်းက ကြောက်ရွံ့ကြတဲ့ "Black Peony" လေး ကျန်းနျန်နျန်တစ်ယောက် ယဲ့လန်နဲ့ လက်ထပ်လိုက်ပါတယ်။ တကယ်တော့ ကျန်းနျန်နျန်ရဲ့အစီအစဉ်က တင်တောင်းငွေအများကြီးကိုလိမ်ယူပြီး ထွက်ပြေးဖို့ပါပဲ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အလွဲအချော်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ ဒီအိမ်ထောင်ရေးရဲ့နောက်ကွယ်မှာ သူမသိသေးတဲ့လျှို့ဝှက်ချက်တွေ အများကြီးရှိနေမှန်း ရိပ်မိသွားပါတယ်။ အဲတော့ သူ့ရည်မှန်းချက် အောင်မြင်ဖို့အတွက် ယဲ့လန်နဲ့ အကြိတ်အနယ် အကွက်ချတိုက်ခိုက်ရင်းနဲ့မှ ကျန်းနျန်နျန်တစ်ယောက် မရုန်းထွက်နိုင်တဲ့သံယောဇဉ်တွင်းထဲကို တဖြည်းဖြည်းနစ်ဝင်သွားခဲ့ပါတော့တယ်။ ဒီစီးရီးလေးက တစ်ယောက်ကိုတစ်ယောက် အကွက်ချတိုက်ခိုက်ရင်းကနေမှ တဖြည်းဖြည်း အချစ်စိတ်ဝင်လာကြတာကို ဇာတ်အိမ်တည်ရိုက်ကူးထားတာမို့ စိတ်လှုပ်ရှားစရာကောင်းပြီး ကြည့်ရှုသူကို ဆွဲခေါ်သွားနိုင်မှာ ကျိန်းသေပါပဲနော်။ Total Episodes : 24 Quality : WEB-DL 1080p Format : mp4 Genres : Drama Runtime : 15 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း