ဇာတ်ကားများ ရွေးရန်

Turning Life Around

2026ဇာတ်လမ်းတွဲ

ဒီတစ်ခါညွှန်းပေးချင်တာလေးကတော့ Mystery, Fantasy အမျိုးအစား Mini Drama လေးတစ်ခုပါ။ ဒီစီးရီးလေးမှာ ဘဝရဲ့အလှည့်အပြောင်းအတက်အကျကို သေချာရိုက်ကူးပြထားတာမို့ တကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမှာပါ။ MC တွေအနေနဲ့ Wang Rui Chang၊ Vincent Cao နဲ့ Qi Yan Di တို့က အပေးအယူမျှမျှသရုပ်ဆောင်ထားပေးကြပါတယ်။ Mini Series တွေမှာ သရုပ်ဆောင်နေကျသူတွေကပဲ ပါဝင်ထားကြတာမို့ ဇာတ်လမ်းက ကြည့်ရကျိုးနပ်စေမှာ အသေအချာပါပဲ။ ဇာတ်လမ်းအညွှန်း >>> ဘဝမှာ အစစအရာရာအဆင်မပြေဘဲ အောက်ဆုံးအဆင့်ကိုရောက်နေတဲ့ လူငယ်လေး ကျန်းရှောင်ပေ့ဟာ ကံကြမ္မာရဲ့သော့ချက်ကို မထင်မှတ်ဘဲပိုင်ဆိုင်သွားခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် သူဟာ ချမ်းသာကြွယ်ဝပြီး အထက်တန်းလွှာထဲက အမွေဆက်ခံသူတစ်ယောက်ဖြစ်တဲ့ရှန့်ယွမ်ကျိုးနဲ့ ဘဝချင်းလဲလှယ်လိုက်ပါတော့တယ်။ ရက်ပေါင်း (၃၀) ဆိုတဲ့အချိန်ကာလအတွင်းမှာ လူ့သဘာဝရဲ့စမ်းသပ်ချက်တွေ၊ အခက်အခဲတွေကိုရင်ဆိုင်ရင်း ဒီလူငယ်နှစ်ယောက်ဟာ တစ်ယောက်ရဲ့စိတ်ဒဏ်ရာကို တစ်ယောက်က ကုစားပေးကာ အမှန်တရားကို ရှာဖွေခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်လက်တွဲပူးပေါင်းပြီး စည်းစိမ်ဥစ္စာတွေကို တည်ဆောက်ကြသလို မိသားစုကိုလည်းကာကွယ်ခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးလုံးရဲ့ဘဝကို ဖျက်ဆီးဖို့ကြံစည်ခဲ့တဲ့ နောက်ကွယ်ကတရားခံကိုပါ အကွက်ကျကျနဲ့လက်စားချေပြီး အမှန်တရားကိုဖော်ထုတ်ဖို့ ကြိုးစားကြပါတော့တယ်။ ဒီလိုမျိုး ဘဝပေးအနေအထားမတူတော့တဲ့နှစ်ယောက်သား ပူးပေါင်းပြီး တရားခံကို ဘယ်လိုပညာပေးမလဲဆိုတာကတော့ တကယ်ကိုစိတ်ဝင်စားစရာပဲမို့ ရုပ်ရှင်ကြည့်ရင်း ဦးနှောက်တူးချင်ရင်တော့ ဒီဇာတ်လမ်းလေးက အသင့်တော်ဆုံးပါပဲ‌ ပြိတ်သတ်ရေ! Total Episodes : 30 Quality : WEB-DL 1080p Format : mp4 Genres : Drama Runtime : 15 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

30 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 30 အပိုင်း

ဇာတ်လမ်းအကြောင်း