ဇာတ်ကားများ ရွေးရန်

Revenge of the False Bride

2026ဇာတ်လမ်းတွဲ

အခုတစ်ခါ C drama fan တို့ကို မိတ်ဆက်ပေးချင်တဲ့စီးရီးလေးကတော့ ကလဲ့စားချေတာကို ဇာတ်အိမ်တည်ထားပြီး History, Mystery ပုံစံကိုမှ Romance လေး ခပ်အုပ်အုပ်ဖြူးထားသလို ခံစားရစေမဲ့ဇာတ်လမ်းသစ်လေးပါ။ ဒီစီးရီးရဲ့ MC တွေအဖြစ် Glory ထဲမှာ Support Role အဖြစ်ပါဝင်ထားတဲ့ မမလှလှ Zhang Wan Ying နဲ့ မင်းသားချောလေး Han Dong Lin တို့က ကမ်မီမိမိသရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> မိဘမဲ့တစ်ယောက်ဖြစ်တဲ့လီမုဟယ်ဟာ လက်စားချေဖို့အတွက် ရှန့်မိသားစုရဲ့သမီးကြီး ရှန့်နျန်ဆိုတဲ့အမည်ဝှက်နဲ့ မြို့ကိုပြန်ရောက်လာခဲ့ပါတယ်။ သူဟာ အစီအစဉ်ရှိရှိနဲ့ပဲ လူသိများပြီး အေးစက်လှတဲ့ထိပ်တန်းအရာရှိလေး လုယွဲ့တင်းနဲ့ လက်ထပ်လိုက်ပါတယ်။ အစပိုင်းမှာတော့ ဒီအိမ်ထောင်ရေးဟာ အသုံးချဖို့ သက်သက်ပဲဖြစ်ပေမဲ့ တဖြည်းဖြည်းနဲ့ လုယွဲ့တင်းဟာ သူ့အတွက် အားအကိုးရဆုံးသောအမှီအခိုတစ်ခု ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့မိထွေး၊ စီးပွားရေးလောကကလူတွေနဲ့ ဆေးဆိုင်ပိုင်ရှင်တွေကြားမှာ ရှန့်နျန်တစ်ယောက် အကွက်ကျကျကစားနိုင်ဖို့အတွက် လုယွဲ့တင်းဟာ သူ့အတွက် လက်နက်ရော၊ ဒိုင်းကာပါ ဖြစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အရာအားလုံး အဆင်ပြေနေတဲ့အချိန်မှာပဲ ကိစ္စဟောင်းတစ်ခုကိုအခဲမကျေတဲ့ ရဲဘော်ဟောင်းတစ်ယောက် ပေါ်လာတဲ့အခါမှာတော့ အမှုကွင်းဆက်အားလုံးဟာ သူ့ခင်ပွန်း လုယွဲ့တင်းကိုပဲ လက်ညှိုးထိုးပြနေပါတော့တယ်။ ဒီတော့ အချစ်ဆုံးလူက ကိုယ်လက်စားချေချင်တဲ့သူနဲ့ ပတ်သက်နေမလားဆိုတဲ့သံသယက ဇာတ်လမ်းကို ပိုလေးနက်သွားစေတာမို့ ကြည့်ရင်း စိတ်လှုပ်ရှားအသဲတအေးအေးအပြင် စိတ်ထဲကလိကလိဖြစ်စေမဲ့အချစ်ငွေ့တွေကိုပါ ခံစားချင်ရင်တော့ ဒီစီးရီးလေးကို မဖြစ်မနေကြည့်သင့်ပါပြီနော်။ Total Episodes : 24 Quality : WEB-DL 1080p Format : mp4 Genres : Drama Runtime : 15 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း