ဇာတ်ကားများ ရွေးရန်

The Epoch of Miyu

2026ဇာတ်လမ်းတွဲအမှတ် 9.0/10

C drama fan တို့ကို ယခုတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ Life Drama အမျိုးအစား Series ‌သစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက Life Drama ဖြစ်တဲ့အပြင် Age Gap လဲကွာတဲ့ အချစ်ဇာတ်အိမ်မျိုးလေးပါ။ ဒီကားမှာ ဝါရင့်မင်းသားကြီး Wallace Chung က ဦးဆောင်ပါဝင်ထားပြီး Zhu Zhu၊ Li Meng နဲ့ Jing Chao တို့ကပါ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >>> ၁၀ နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့မှာတင် ပြီးပြည့်စုံလှပါတယ်ဆိုတဲ့အိမ်ထောင်ရေးဟာ တကယ်တော့ အပေါ်ယံဟန်ပြသက်သက်ပဲဆိုတာ ရွှီမီယွီတစ်ယောက် သိလိုက်ရပါတယ်။ ဒါကြောင့် သူဟာ ပြတ်ပြတ်သားသားကွာရှင်းပြတ်စဲလိုက်ပြီး ဘဝကို အသစ်ကနေပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ မီယွီဟာ ပုရုန်ဟိုတယ်မှာ အခန်းဝန်ဆောင်မှုဝန်ထမ်းအဖြစ် အောက်ခြေကနေ စတင်အလုပ်ဝင်ခဲ့ရာမှာတော့ အဲဒီဟိုတယ်ရဲ့အထွေထွေမန်နေဂျာအဖြစ် ရောက်ရှိလာတဲ့ကျီဖုန်းနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ အလုပ်ခွင်ထဲက အခက်အခဲတွေကို အတူတူရင်ဆိုင်ကျော်ဖြတ်ရင်း တစ်ယောက်ကိုတစ်ယောက် ကူညီစောင့်ရှောက်ရာကနေ နှစ်ယောက်ကြားမှာ အချစ်စိတ်တွေ တဖြည်းဖြည်းဖြစ်ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးဟာ ကိုယ်စီပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိသွားကြသလို ကြိုးစားမှုတွေကြောင့် ဟိုတယ်ကလဲ ရှန်ဟိုင်းမြို့ရဲ့အထင်ကရနေရာတစ်ခုအဖြစ် ပြောင်းလဲအောင်မြင်သွားခဲ့လေတော့တယ်။ ဒီစီးရီးလေးက ဟိုတယ်လုပ်ငန်းခွင်ထဲက ပြဿနာတွေကိုဖြေရှင်းရင်း မင်းသားနဲ့ သံယောဇဉ်ဖြစ်လာတာကလဲ ကြည့်ရတာ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာမို့ C drama fan တွေအတွက် တစ်မျိုးဆန်းစေမဲ့ဇာတ်လမ်းလေးဖြစ်မှာ အသေအချာပါပဲ။ Total Episodes : 38 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

38 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 38 အပိုင်း

ဇာတ်လမ်းအကြောင်း