A Lover in the Mortal World
ဒီတစ်ခါ မိတ်ဆက်ပေးချင်တာလေးကတော့ လူ့လောကရဲ့အရှုပ်အထွေးတွေကြားမှာ ပွင့်လန်းလာမဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို လှလှပပပုံဖော်ထားတဲ့စီးရီးအသစ်လေးပါ။ ဒီစီးရီးမှာ အချစ်ရိပ်နွေးနွေးလေးအပြင် သိုင်းလောကရဲ့ရှုပ်ထွေးမှုကိုပါမြင်ရမှာကြောင့် သိုင်းကွက်လှလှလေးတွေပါ ခံစားရစေမဲ့ဇာတ်လမ်းလေးမို့ ပရိတ်သတ်တို့လဲ အကြိုက်တွေ့လောက်မှာပါနော်။ ဒီစီးရီးရဲ့အဓိကဇာတ်ကောင်တွေက Zhu Zheng Ting နဲ့ မမလှလှလေး Lu Yang Yang တို့က လိုက်ဖက်ညီညီသရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ကျင်းလန်မြို့က ဟန်မိသားစုဆိုတာ မျိုးရိုးစဉ်ဆက် နန်းတွင်းသမားတော်ကြီးတွေဖြစ်ပြီး သူတို့ရဲ့ဆေးပညာဟာ တစ်တိုင်းပြည်လုံးမှာ နာမည်ကျော်ပါတယ်။ ဒီမိသားစုရဲ့မျိုးဆက်ဖြစ်တဲ့ ဟန်ယွင်လင်ဟာလဲ မိသားစုရဲ့ထုံးတမ်းစဉ်လာအတိုင်း ဆေးပညာကို ကြိုးစားသင်ယူနေသူတစ်ဦးပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၈) နှစ်ကဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုမှာ ဟန်မိသားစုဟာ မဟုတ်မမှန်စွပ်စွဲခံရပြီး မိသားစုလိုက် ကွပ်မျက်ခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ ဟန်ယွင်လင်လဲ အစအနမရှိ ပျောက်ဆုံးသွားခဲ့ပါတယ်။ (၈) နှစ်ကြာပြီးနောက် ကျင်းလန်မြို့ရဲ့နယ်စပ်မှာ စစ်ပွဲတွေပြန်ဖြစ်လာတဲ့အခါမှာတော့ အသက်ပေါင်းများစွာကိုကယ်တင်ပေးနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့သမားတော်မလေးတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူဟာ တခြားသူမဟုတ်ဘဲ ပျောက်ဆုံးနေတဲ့ဟန်ယွင်လင်ပါပဲ။ စစ်ပွဲတစ်ခုအပြီးမှာတော့ စစ်သူကြီးးရှောင်ချီဟာ သူနဲ့ဆုံတွေ့ခဲ့ပြီး ယွင်လင်ဟာ ငယ်ငယ်တုန်းက သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့သူဆိုတာကို ချက်ချင်းမှတ်မိသွားခဲ့ပါတယ်။ ရှောင်ချီဟာ သူ့ကိုထာဝရကာကွယ်ပေးဖို့ သစ္စာဆိုခဲ့သလို သူ သိုဝှက်ထားတဲ့မိသားစုရဲ့နာကျင်စရာ လျှို့ဝှက်ချက်တွေကိုလဲ တဖြည်းဖြည်းဖော်ထုတ်ပေးခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းက Medical Romance ကိုမှ မိသားစုအတွက် ကလဲ့စားခြေခြင်းပါ ပေါင်းစပ်ထားတဲ့အတွက် တော်တော်လေးလေးနက်မှုရှိပါတယ်။ ဒါ့အပြင် စစ်မြေပြင်ကဒဏ်ရာတွေကို ဆေးပညာနဲ့ကုစားရင်း အမှန်တရားကိုရှာဖွေသွားတာက ဒီဇာတ်လမ်းရဲ့အနှစ်ချုပ်မို့ အချစ်ရိပ်တွေကြား ရင်ခုန်စိတ်လှုပ်ရှားချင်ရင်တော့ must watch ပါပဲနော်။ Total Episodes : 22 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
22 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း