ဇာတ်ကားများ ရွေးရန်

Man on Fire

2026ဇာတ်လမ်းတွဲအမှတ် 1.0/10

Man on Fire (2026) Season 01 (Complete) IMDb Rating (6.7) / Rotten Tomatoes (60%) ဒီနေ့ (၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်) မှာ Netflix ကနေ အသစ်စက်စက် ထွက်လာတဲ့ Man on Fire Action Thriller ဇာတ်လမ်းတွဲတင်ပေးထားပါပြီ။ အရင် ၂၀၀၄ တုန်းက မင်းသားကြီး Denzel Washington ရဲ့ နာမည်ကြီး ရုပ်ရှင်ကို အားလုံး မှတ်မိကြဦးမယ် ထင်ပါတယ်။ အခု ၂၀၂၆ မှာတော့ အဲဒီဇာတ်လမ်းကိုပဲ Netflix ကနေ အပိုင်း ၇ ပိုင်းပါတဲ့ ဇာတ်လမ်းတွဲ အနေနဲ့ အသစ်ပြန်ရိုက်ထားတာပါ။ ဒီဇာတ်လမ်းတွဲဟာ စာရေးဆရာ A.J. Quinnell ရဲ့ မူရင်းဝတ္ထုတွေဖြစ်တဲ့ "Man on Fire" ရော "The Perfect Kill" ကိုပါ အခြေခံထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ဖန်တီးသူ (Showrunner) ကတော့ Kyle Killen ဖြစ်ပြီး၊ ဒါရိုက်တာတွေ အနေနဲ့ Steven Caple Jr., Vicente Amorim, Clare Kilner နဲ့ Michael Cuesta တို့က ရိုက်ကူးပေးထားပါတယ်။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ John Creasy နေရာမှာ Yahya Abdul-Mateen II က ခေါင်းဆောင် ပါဝင်ထားပြီး၊ Billie Boullet, Alice Braga, Scoot McNairy, Bobby Cannavale နဲ့ Paul Ben-Victor တို့ကလည်း အားဖြည့် သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းလေးကတော့ John Creasy ဆိုတဲ့ အထူးတပ်ဖွဲ့ဝင် ကြေးစားစစ်သားဟောင်းကြီး အကြောင်းပါ။ သူက အတိတ်က ကိစ္စတွေကြောင့် စိတ်ဒဏ်ရာ (PTSD) အပြင်းအထန် ရနေပြီး အရက်ကိုပဲ ဖက်တွယ်နေရတဲ့သူပေါ့။ သူ့ရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပြီး ဘဝသစ်စဖို့ ကြိုးစားနေတုန်းမှာပဲ မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်လာပါတယ်။ သူငယ်ချင်းဖြစ်သူရဲ့ သမီးလေးကို သူ့မိသားစုကို ဖျက်ဆီးခဲ့တဲ့ ရန်သူတွေလက်ကနေ ကာကွယ်ပေးရမယ့် အခြေအနေဆီကို ရောက်သွားပြီး အရင်ကလို ကြမ်းတမ်းတဲ့ သွေးထွက်သံယို လောကထဲကို ပြန်ဝင်လာရပါတော့တယ်။ ဇာတ်လမ်းက ကြမ်းကြမ်းတမ်းတမ်း သေနတ်ပစ်ခန်းတွေ၊ အက်ရှင်ခန်းတွေ အများကြီး ပါဝင်တဲ့အပြင် ခံစားချက်ပိုင်းကိုပါ သေချာလေး ပုံဖော်ပေးထားတာမို့ Action Thriller ရော ဇာတ်လမ်းကောင်းကောင်းရော ကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတွဲလေး ဖြစ်မှာ သေချာပါတယ်။ File size… (650 MB) / (370 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action & Adventure,Drama,Mystery Duration…. 00:50:02 Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

7 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း