Straight to Hell
Straight to Hell (2026) မကြာသေးခင်ကမှ ထွက်ရှိလာတဲ့ Netflix ရဲ့ အပိုင်း ၉ပိုင်းပါ ဒီစီးရီးဟာဆိုရင် ဂျပန်နိုင်ငံရဲ့ အကျော်ကြားဆုံး ဗေဒင်ဆရာမ ကာဇူကိုဟိုဆိုကီရဲ့ အတ္ထုပတ္တိကို ဇာတ်လမ်းဖွဲ့ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကာဇူကိုဟိုဆိုကီ-ဆိုပြီး တီဗီအစီအစဉ်တွေမှာပါ ပါဝင်ခွင့်ရကာ လူအများက သူမကို သဘောကျရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ... စကားကို တဲ့တိုးပြောတတ်တဲ့ သူမရဲ့ အကျင့်ပါပဲ။ ဗေဒင်လာမေးတဲ့လူက သူပေးနေတဲ့ အကြံဉာဏ်ကို လက်မခံဘဲ ဒီလိုဖြစ်ချင်တာ၊ ဟိုလိုဖြစ်ချင်တာ ဘာညာပြောတာနဲ့ ပြန်ပြောတဲ့စကားက “နင် ငရဲကျမှာ” တဲ့လေ။ သူမက အဲဒီ “ငရဲကျမှာ” ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ ပြောလွန်းလို့ စီးရီးနာမည်ကတောင် Straight to Hell ဆိုပြီး ဖြစ်လာရတယ်။ မီဒီယာတွေရှေ့မှာဆို အပြုံးတုတွေနဲ့ ဟန်ဆောင်ပြီး ယဉ်ကျေးသိမ်မွေ့ပြတတ်တဲ့ အသိုင်းအဝိုင်းမှာ ကာဇူကိုဟိုဆိုကီရဲ့ ဒီလိုအပြောကြမ်းကြမ်းတွေကို ပရိသတ်တွေက အလွန်အမင်း နှစ်သက်သဘောကျကြတယ်။ ဆရာမနဲ့ တစ်ဦးချင်းတွေ့ပြီး ဇာတာစစ်ချင်လို့ပါဆိုပြီး ယန်းငွေကို အပုံလိုက်ပေးကြတဲ့လူတွေဟာလည်း မနည်းမနောပဲ။ အဲဒီလိုအောင်မြင်တဲ့ ဗေဒင်ဆရာမရဲ့ ဇာတ်ကြောင်းကတော့ ထင်သလောက် လွယ်ကူရိုးရှင်းမနေခဲ့ဘူး။ ကလေးဘဝမှာ စစ်ကြီးအပြီး အငတ်ဘေးကို ကြုံရတယ်။ သူ့အပေါ် ကြင်နာတဲ့လူလို့ ယုံမှတ်ပြီး လက်ခံပြီးခါမှ သူ့ခန္ဓာကိုယ်ကို ရောင်းစားဖို့ အကြံအစည်နဲ့ ချဉ်းကပ်တဲ့ လူမှန်းသိရတယ်။ ဘဝက အဆင်မပြေရတဲ့အထဲ သူကစပြီး သဘောကျတဲ့ယောက်ျားတွေရော၊ သူ့ကိုလာပြီး သဘောကျတဲ့ ယောက်ျားရော အားလုံးက သူ့ကိုအသုံးချပြီး အမြတ်ထုတ်သွားတာချည်းပဲ။ ဒါဆို သူက လောကဓံရဲ့ အထုအထောင်းကို ခံရပေမယ့် ပြန်ထလာနိုင်တဲ့ သူရဲကောင်းတစ်ယောက်ပေါ့လို့ ပြောလို့ရမလားဆိုပြန်တော့လည်း ဇာတ်လမ်းက အဲဒီလောက်ထိ မရိုးရှင်းနေပါဘူး။
အပိုင်းများ
9 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း