The House of the Spirits
The House of the Spirits (2026) Season 01 (စ/ဆုံး) IMDb Rating (7.1) / Rotten Tomatoes (83%) စာရေးဆရာမ Isabel Allende ၁၉၈၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုကို ပြန်လည်အသက်သွင်းထားတဲ့ အပိုင်း ၈ ပိုင်းပါ တီဗီစီးရီးဖြစ်ပါတယ်။ ဝတ္ထုကို ပထမဆုံး အသက်သွင်းခဲ့တဲ့ ရုပ်ရှင်ကိုတော့ ၁၉၉၃ ခုနှစ်မှာ Jeremy Irons၊ Meryl Streep၊ Winona Ryder၊ Glenn Close နဲ့ Antonio Banderas တို့နဲ့ ရိုက်ကူးခဲ့တာ ဖြစ်တယ်။ လက်တင်အမေရိကန် ဇာတ်ရုပ်တွေကို အင်္ဂလိပ်-အမေရိကန်သရုပ်ဆောင်အတော်များများနဲ့ ရိုက်ကူးလိုက်တော့ အဲဒီရုပ်ရှင်ဟာ အတော်လေးလည်း ဝေဖန်ခံခဲ့ရသေးတယ်။ ဒီစီးရီးမှာတော့ Meryl Streep သရုပ်ဆောင်ခဲ့တဲ့ ကလာရာနေရာမှာ My Fault/ Your Fault/ Our Fault ဇာတ်ကားတွေနဲ့ နာမည်တက်လာတဲ့ Nicole Wallace က သရုပ်ဆောင်ထားပြီး တခြားသော စပိန်စကားပြော သရုပ်ဆောင်များစွာက ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းကိုတော့ ဒယ်ဗယ်လီဆိုတဲ့ မိသားစုက ရိုဆာဆိုတဲ့ သမီးအကြီးဆုံးနဲ့ ကလာရာဆိုတဲ့ သမီးအငယ်ဆုံးလေးရဲ့ ဇာတ်လမ်းကနေ စထားတယ်။ ကလာရာက ငယ်စဉ်ကတည်းက စိတ်စွမ်းအင်ရှိတဲ့ ကလေးမ၊ အဖြစ်ဆိုးတွေ ဖြစ်တော့မယ်ဆိုရင် အာရုံခံစားမိတတ်တယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့အိမ်မှာ လူတစ်ယောက် သေမယ်လို့ သူက အာရုံရလာတယ်။ တကယ် ဆုံးပါးသွားတဲ့လူက သူ့အချစ်ဆုံး ရိုဆာဆိုတဲ့ အစ်မကြီးပေါ့။ သူ့ခမျာ စိတ်ထိခိုက်သွားတာ ကိုးနှစ်တိုင်တိုင် စကားမပြောနိုင်ခဲ့ဘူး။ ပြန်စပြောတဲ့ စကားက သူအိမ်ထောင်ပြုတော့မယ်တဲ့။ တကယ်လည်း မကြာခင်မှာ သူ့ကိုလာတင်တောင်းတဲ့လူ ပေါ်လာတယ်။ သူကတော့ အက်စတီဘန် ထရူးဘားဆိုတဲ့ သူဌေးကြီးပေါ့၊ သေသွားတဲ့ သူ့အစ်မ ရိုဆာရဲ့ ချစ်သူ။ အက်စတီဘန်က ရိုဆာအပေါ် သိပ်ချစ်ခဲ့တာရော၊ ရိုဆာရဲ့ ညီမလေး ကလာရာက သိပ်ကိုမိန်းမသားဆန်လွန်းပြီး နူးညံ့လွန်းတာရောကြောင့် ကလာရာအပေါ် တတ်နိုင်သလောက် အလိုလိုက် ချစ်ပေးခဲ့တယ်။ ဒါပေမဲ့ ပြဿနာက ရိုဆာ သေလွန်ပြီးနောက်၊ ကလာရာနဲ့ အိမ်ထောင်မကျခင် စပ်ကြားအချိန်မှာ သူဟာ သူ့ရဲ့ ခြံဝန်းကြီးထဲက အလုပ်သမားမိန်းမပေါင်းများစွာကို ခြေတော်တင်ခဲ့ပြီး ကလေးတွေ မွေးထားခဲ့တာပဲ။ ဒါကို အိမ်တွင်းပုန်း ကလာရာလေးက ဘာမှမသိဘဲ သူ့အစ်မရဲ့ ချစ်သူကို သူ့ရဲ့ ကံကြမ္မာဆိုပြီး ယူလိုက်တာ။ ပထမဆုံး ဘလန်ကာဆိုတဲ့ သမီးလေးကို မွေးပြီး ဒုတိယကိုယ်ဝန်ကို လွယ်ထားတဲ့အချိန်မှ သူ့ယောက်ျားရဲ့ အရှုပ်တော်ပုံက ဘူးပေါ်သလို ပေါ်လာတော့ သူလည်း ဘာမှလုပ်မရခဲ့ဘူး။ မိဘဖြစ်သူ သေမှာကိုတောင် ကြိုမြင်ခဲ့တဲ့ ကလာရာလေးဟာ အက်စတီဘန်ရဲ့ အမှောင်ဘက်ခြမ်းကိုတော့ ကြိုမမြင်ခဲ့ဘူး။ မိသားစုတွင်း ချစ်ခြင်း၊ မုန်းခြင်း၊ အကြမ်း ဖ က် မှု၊ မတရားမှု၊ လက်စားချေမှုတွေက အဲဒီခေတ်အခါက နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ဘယ်လိုမျိုး ရောနှောလာမလဲ။ ထရူးဘားမိသားစုရဲ့ မျိုးဆက်တလျှောက် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုပေးပါဦး။ File size… (2.5 GB) / (800 MB) / (400 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Episode... 8 Genre…. Drama Duration…. 50min Subtitle…. Myanmar Subtitle (Hardsub)
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း