ဇာတ်ကားများ ရွေးရန်

A Splendid Match

2026ဇာတ်လမ်းတွဲအမှတ် 9.0/10

C drama fan တို့ကို ယခုတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ Historical Romance အမျိုးအစား Series သစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်း >>> (Gu) မိသားစုရဲ့ သမီးအကြီးဆုံးဖြစ်တဲ့ ကုကျင်းကျောက်ဟာ မွေးကတည်းက အဘိုးအဘွားတွေအိမ်မှာပဲ ကြီးပြင်းလာခဲ့ရသူပါ။ အရင်းအခေါက် မိဘတွေက သူမကို ဂရုမစိုက်ကြပေမဲ့ အဘွားဖြစ်သူရဲ့ အချစ်တွေနဲ့ ကြီးပြင်းလာရတာမို့ ကုကျင်းကျောက်ဟာ လွတ်လွတ်လပ်လပ်နဲ့ သူမလုပ်ချင်တာကိုသာ ရဲရဲဝင့်ဝင့် လုပ်တတ်သူတစ်ယောက်ဖြစ်လာပါတယ်။ မိသားစုဆီပြန်ရောက်လာတဲ့အခါမှာလည်း ဘယ်သူ့ကိုမှ အလျှော့မပေးဘဲ ပြဿနာပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။ သာမန်မိန်းကလေးတွေနဲ့မတူဘဲ ထူးခြားထက်မြက်တဲ့ သူမရဲ့စရိုက်ကြောင့် အမတ်ကြီး ချန်စန်းယဲ့ (Chen San Ye)၊ သခင်လေး ယဲ့ရှန် (Ye Xian) နဲ့ လူကြီးလူကောင်းဆန်တဲ့ ချန်ရွှမ်ချင်း (Chen Xuan Qing) တို့ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်လာရင်လည်း ကိုယ်ပိုင်ခံယူချက်ရှိတဲ့ ကုကျင်းကျောက်ဟာ သူမရဲ့ဖြစ်တည်မှုကို အသိအမှတ်ပြုပြီး လွတ်လပ်ခွင့်ပေးတဲ့ အမတ်ကြီး ချန်စန်းယဲ့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ လက်ထပ်ပြီးနောက်မှာတော့ သူမဟာ ခင်ပွန်းဖြစ်သူကို ဝန်ကြီးချုပ်ရာထူးအထိ တက်လှမ်းနိုင်အောင် ကူညီပံ့ပိုးပေးနိုင်တဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ချန်စန်းယဲ့နဲ့အတူ တိုင်းပြည်နဲ့ လူမျိုးအတွက် ကောင်းကျိုးဖြစ်ထွန်းစေမဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ရင်း ငြိမ်းချမ်းသာယာတဲ့ ခေတ်ကာလတစ်ခုကို အတူတူဖန်တီးပုံတွေကို မြင်တွေ့ရမှာပါ။ ဒီစီးရီးလေးက ကိုယ်ပိုင်ဆုံးဖြတ်ချက် ခိုင်မာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ ခိုင်မြဲတဲ့အချစ်ရေးကို သမိုင်းနောက်ခံကျကျ ရိုက်ကူးထားတာမို့ C drama fan တွေ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်မှာ အသေအချာပါပဲ။ Total Episodes : 36 Quality : WEB-DL 1080p,720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

40 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 40 အပိုင်း

ဇာတ်လမ်းအကြောင်း