Born with Luck
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းတွဲကတော့ နာမည်ကျော်စာရေးဆရာတစ်ဖြစ်လဲ The Bad Kids, The Long Night တို့ရဲ့ဖန်တီးရှင် Zi Jin Chen ရေးသားထားတဲ့ Di Zhi Shang Fan Zui ဆိုတဲ့ဝတ္ထုကိုအခြေခံပြီး ရိုက်ကူးထားတဲ့စီးရီးအသစ်လေးပါ။ ဒီကားက ပုံမှန်စုံထောက်ကားတွေနဲ့မတူဘဲ Black Comedy အမျိုးအစားဖြစ်တာမို့ ကြည့်ရှုသူအတွက် တမူထူးခြားနေမှာကျိန်းသေပါပဲ။ အဓိကသရုပ်ဆောင်တွေအဖြစ် Wang Xiao၊ POJ (Pursuit of Jade) မှာ လင်ထိပ်ထားစံလေးဖြစ်ခဲ့တဲ့ မမ Tian Xiwei တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ဝါရင့်စုံထောက်ကြီးကျန်းယီအန်းဟာ သတင်းပေးချက်တစ်ခုကြောင့် Sanjiangkou မြို့လေးကို အမှုစစ်ဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ သူ ရောက်ပြီးမကြာခင်မှာပဲ ရဲအရာရှိတစ်ယောက် အသတ်ခံလိုက်ရပြီး သူကိုယ်တိုင်ပါ လူသတ်မှုမှာ သံသယတရားခံအဖြစ် စွပ်စွဲခံလိုက်ရပါတယ်။ သူ့နာမည်ဂုဏ်သတင်းကို ပြန်လည်ရှင်းလင်းဖို့ ကြိုးစားရင်းနဲ့ မထင်မှတ်ထားတဲ့အလွဲအချော်တွေကြားကနေ လူသတ်တရားခံကို ဖမ်းမိသွားပြီး မြို့ရဲ့သူရဲကောင်းစုံထောက် ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ မြို့ထဲက အဂတိလိုက်စားမှုတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် ကျိုးရုန်ဦးဆောင်တဲ့ ကြီးမားတဲ့ရာဇဝတ်ဂိုဏ်းကြီးကို ဆက်လက်စုံစမ်းပါတော့တယ်။ ဒီဇာတ်လမ်းရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကတော့ ခပ်မိုက်မိုက်ပေမဲ့ ကြောင်တောင်တောင်နိုင်တဲ့သူခိုးတစ်စုရဲ့ အလွဲလွဲအချော်ချော်လုပ်ရပ်တွေဟာ စုံထောက်ကြီးရဲ့အမှုဖော်ထုတ်ချက်တွေမှာ မမျှော်လင့်ဘဲ အကြီးအကျယ်အထောက်အကူဖြစ်စေခဲ့တာပါပဲ။ ဒီတော့ ကံအကောင်းဆုံးစုံထောက်နဲ့ ကံအဆိုးဆုံးသူခိုးတွေရဲ့လွဲချော်မှုတွေကြားမှာ ကြီးမားတဲ့လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ ရယ်မောရင်း ကြည့်ရှုရမှာမို့ ဦးနှောက်တူးရင်း ရယ်ရင်းမောရင်းစီးမြောလိုက်ကြပါဦးနော်။ Total Episodes : 24 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
24 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း