ဇာတ်ကားများ ရွေးရန်

Terror Man

2026ဇာတ်လမ်းတွဲ

Terror Man (2026) ထူးထူးခြားခြား Japan Anime တွေနဲ့ တရုတ် Donghua တွေကြား Korean Anime တစ်ခုလေးနဲ့ မိတ်ဆက်ပေးမယ်ဗျာ။ ဒီကောင်က Marvel ရုပ်ရှင်ကမ္ဘာ MCU လိုမျိုး Super String Universe ဆိုတဲ့ Webtoon လောကထဲက ဇာတ်လမ်းတစ်ခုကို Anime အဖြစ် အသက်ပြန်သွင်းထားတာ။ ဇာတ်လမ်းကလည်း MC ဖြစ်တဲ့ မင်ဂျောင်ဝူးဆိုတဲ့ အထက်တန်းကျောင်းသား ကောင်လေးက သူ ငယ်စဉ်ဘဝတုန်းက မိခင်နဲ့ ကားအက်စီးဒန့် တစ်ခုဖြစ်ခဲ့ပြီး မိခင်ကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ထူးဆန်းတဲ့ ခရမ်းရောင်တွေကို စတင်မြင်တွေ့ခဲ့ရတဲ့သူ။ ဒီ ခရမ်းရောင်တွေက ဘာကိုပြောချင်တာလဲဆိုတော့ သူ့အတွက် ဘေးအန္တရာယ်တို့ ကံဆိုးမှုတို့ကို ကိုယ်စားပြုပြီး ကြိုတင်ပြသပေးနေတာပေါ့။ မိခင်မရှိတဲ့နောက်မှာလည်း ထူးဆန်းတဲ့ ရုရှားလူမျိုး အိမ်ဖော် လီလီယာနဲ့အတူ သာမန်ကျောင်းသားဘဝကို ဖြတ်သန်းနေရင်း တစ်ရက်ကျတော့ အပြောင်းအလဲကြီးတစ်ခု ဖြစ်လာတော့တယ်။ လူပေါင်းများစွာ သေကြေပျက်စီးတော့မှာကို ကြိုတင်ပြီး မြင်နိုင်တဲ့ ဂျောင်ဝူးအတွက် ဒီလူတွေကို ကယ်တင်ချင်နေပေမဲ့လည်း သူ့စကားကို မယုံကြမှာ လျှောက်ပြောနေတယ်ထင်ပြီး ပလစ်ကြမှာစိုးတာနဲ့ အိမ်ဖော် လီလီယာပေးတဲ့ အကြံကို လိုက်လုပ်ရာကနေ လူတွေကို လျှို့ဝှက်ကယ်တင်ပေးဖို့ လူထုရဲ့ အမုန်းတွေကို ခံယူပြီး Terror Man ဆိုတဲ့ အကြမ်းဖက်သမား ဖြစ်လာပါရော..။ ဒီလိုမျိုး ကယ်တင်ပေးနေရင်းနဲ့ တစ်ဖက်မှာ တကယ်အကြမ်းဖက်မယ့် လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့ တွေ့လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်...။

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း