ဇာတ်ကားများ ရွေးရန်

The Double Game

2026ဇာတ်လမ်းတွဲ

ဒီတစ်ခါတော့ သည်းထိတ်ရင်ဖို စုံထောက်ဆန်ဆန်ဇာတ်အိမ်ကို အချစ်ဇာတ်လမ်းနဲ့ ပေါင်းစပ်ထားတဲ့စီးရီးအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးက သည်းထိတ်ရင်ဖိုဖြစ်ရသလို CEO နဲ့ သာမန် blogger မလေးတို့ကြားက အချစ်ချိုချိုလေးတွေကိုပါ ခံစားရစေမဲ့ဇာတ်လမ်းလေးပါ။ ဒီစီးရီးမှာ MC တွေအဖြစ် POJ မှာ အလံနီမလိုလိုနဲ့ ချစ်ဇနီးလေးအတွက်ဆို သစ်တောစိမ်းဖြစ်ဖြစ်သွားတဲ့ Deng Kai နဲ့အတူ မမလှလှလေး Sun Yiran တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >>> သြဇာကြီးမားတဲ့မိသားစုတစ်ခုရဲ့နောက်ကွယ်က အမှန်တရားတွေကိုစုံစမ်းနေတဲ့ Blogger မလေးဝိန်ယန်ဟာ အေးစက်လှတဲ့ CEO လုတင်းရှောင်နဲ့ မထင်မှတ်ဘဲဆုံတွေ့ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ မတူညီတဲ့ရည်ရွယ်ချက်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ပတ်သက်မိရင်းကနေ မဖြစ်သင့်တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ် စတင်ခဲ့ပါတော့တယ်။ အာဏာမက်မောမှုတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့လောကထဲမှာ သူတို့ရဲ့အချစ်က စစ်မှန်ရဲ့လား၊ ဒါမှမဟုတ် တစ်ယောက်ကိုတစ်ယောက်အသုံးချနေတဲ့ဂိမ်းတစ်ခုလားဆိုတာကို ရင်ခုန်စွာကြည့်ရှုရမဲ့အပြင် ဦးနှောက်တူးရင်း စောင်ပါကိုက်ရမှာမို့ တစ်ကားတည်းနဲ့ ရသမျိုးစုံခံစားချင်ရင်တော့ မဖြစ်မနေကြည့်သင့်ပါတယ်နော်။ Total Episodes : 20 Quality : WEB-DL 1080p Format : mp4 Genres : Drama Runtime : 15 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း