No Doubt in Us
ဒီတစ်ခါညွှန်းပေးချင်တာလေးကတော့ နန်းတွင်းဇာတ်အိမ်ကိုမှ Body Swap ပုံစံလေးပါ။ ဒီဇာတ်လမ်းတွဲဟာ နာမည်ကြီး Manhua ကိုအခြေခံထားတဲ့ Rom-Com အမျိုးအစားဖြစ်ပြီး Historical, Romance, Comedy နဲ့ Fantasy ရောနှောထားတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမောကြည့်ရှုရမှာပါ။ ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေအဖြစ် Dai Gao Zheng နဲ့ He Xuan Lin တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> စာပေနဲ့အုပ်ချုပ်ရေးမှာကျွမ်းကျင်ပေမဲ့ သိုင်းပညာမတတ်တဲ့ ဧကရာဇ် ရှောင်ကျင်းယွင်နဲ့ စစ်သူကြီးမျိုးရိုးက ဆင်းသက်လာပြီး သိုင်းပညာထူးချွန်တဲ့ မိဖုရားခေါင်ကြီးရွှီယွီတို့ဟာ တစ်ဦးနဲ့တစ်ဦး လုံးဝမတည့်ကြသူတွေပါ။ ဧကရာဇ်က မိဖုရားရဲ့စစ်ဘက်ဆိုင်ရာနောက်ခံအင်အားကို စိုးရိမ်ပြီး သံသယရှိသလို မိဖုရားကလဲ ဧကရာဇ်ကို အေးစက်လွန်းသူလို့မြင်ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ရေကန်ထဲပြုတ်ကျရာကနေ သူတို့နှစ်ဦး ခန္ဓာကိုယ်လဲသွားတဲ့အခါမှာတော့ အခက်အခဲတွေစတင်ပါတော့တယ်။ ဧကရာဇ်ဟာ မိဖုရားခေါင်ကြီးရဲ့ခန္ဓာကိုယ်နဲ့ နန်းတွင်းထဲက မိဖုရားငယ်တွေရဲ့ကောက်ကျစ်မှုတွေ၊ မယ်တော်ကြီးရဲ့ဖိနှိပ်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ရပြီး သူ့ဇနီး ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲဆိုတာ သိမြင်လာပါတယ်။ တစ်ဖက်မှာလဲ မိဖုရားဟာ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နဲ့တိုင်းပြည်ရေးရာတွေကိုစီမံရင်း သူ့မိသားစုအပေါ် ဧကရာဇ်က ဘာကြောင့် သံသယဝင်ခဲ့ရလဲဆိုတဲ့အကြောင်းရင်းတွေကို နားလည်လာပါတယ်။ ဒီလိုမျိုး တစ်ဦးရဲ့အခက်အခဲကို တစ်ဦးက ဝိုင်းဝန်းဖြေရှင်းပေးရင်းနဲ့ အမုန်းတွေဟာ အချစ်အဖြစ်ပြောင်းလဲလာပုံကို အလွဲတွေကြား တဝါးဝါးရယ်ရင်း အချစ်ချိုချိုလေးတွေ ခံစားရင်းကြည့်ရမဲ့စီးရီးကောင်းလေးမို့ လက်မလွှတ်တမ်းကြည့်ရှုအားပေးလိုက်ပါအုံး ပရိတ်သတ်ရေ။ Total Episodes : 24 Quality : WEB-DL 1080p Format : mp4 Genres : Drama , Comedy , Romance Runtime : 15 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
24 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း