ဇာတ်ကားများ ရွေးရန်

Bloom Life

2026ဇာတ်လမ်းတွဲအမှတ် 8.0/10

သာ့ကျားဟောင်!!! သာ့ကျားတို့အတွက် ယူဆောင်လာပေးတဲ့စီးရီးလေးကတော့ Xinjiang ပြည်နယ်ရဲ့သာယာလှပတဲ့ Kashgar မြို့လေးကိုအခြေခံပြီး ရိုက်ကူးထားတဲ့ရသစုံ Drama ကောင်းလေးတစ်ခုပါ။ ဒီစီးရီးလေးက လူငယ်ဘဝရဲ့အခက်အခဲတွေကြားက ငယ်ရွယ်မှုရဲ့လှပမှုကိုပါ သေချာရိုက်ကူးထားပေးတဲ့စီးရီးလေးမို့ ပရိတ်သတ်တွေ အကြိုက်တွေ့မှာ အသေအချာပါပဲ။ ဒီစီးရီးမှာ မင်းသား Guo Jun Chen နဲ့အတူ Qiu Tian၊ Landy Li တို့က ဆေးစက်ကျရာအရုပ်ထင်ပြီး လိုက်ဖက်ညီညီပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီစီးရီးက ကွဲပြားခြားနားတဲ့ဘဝနောက်ခံကိုယ်စီရှိကြတဲ့ အမျိုးသမီးငယ် ၃ ဦးရဲ့ဘဝခရီးစဉ်၊ အလုပ်အကိုင်နဲ့အချစ်ရေးမှာ ကြုံတွေ့ရတဲ့အပြောင်းအလဲတွေကို ရိုက်ကူးထားတာပါ။ ဒါ့အပြင် Kashgar မြို့ရဲ့ထူးခြားတဲ့ရိုးရာယဉ်ကျေးမှုတွေနဲ့ သဘာဝအလှတရားတွေကိုပါ ကဗျာဆန်ဆန်တွေ့မြင်ရအုံးမှာပါ‌နော်။ ဇာတ်လမ်းအညွှန်း >>> ရှန်ဟိုင်းမှာ အလုပ်လုပ်နေတဲ့ ဗိသုကာပညာဘွဲ့ရမလေး ရှကျစ်ဟာ ဖခင်ကွယ်လွန်မှုကြောင့် နေရပ်ပြန်လာကာ မိသားစုပိုင် Camel Bell Inn ကို ဦးစီးခဲ့ပါတယ်။ အဲအချိန်မှာပဲ Kashgar မြို့မှာ တည်းခိုခန်းဖွင့်ဖို့ကြိုးစားရင်းနဲ့ အလိမ်ခံလိုက်ရသလို စိတ်ပျက်အားငယ်စရာအခြေအနေတွေကြုံနေရတဲ့ Gold digger သမားကျိုးဟိန်ကျစ်နဲ့ဆုံပြီး အခက်အခဲတွေကြားကနေ စီးပွားရေးတစ်ခုကို အတူတူတည်ထောင်ခဲ့ကြပါတယ်။ လိုင်လီကတော့ မြေထည်ပညာရှင်မျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး ဖခင်ဆီက အမွေအနှစ်ဖြစ်တဲ့မြေထည်အတတ်ပညာကိုဆက်ခံဖို့ အိပ်မက်ရှိသူပါ။ ကခုန်ခြင်းကို ဝါသနာပါပြီး ကပွဲအဖွဲ့မှာ ကြယ်ပွင့်တစ်ဦးဖြစ်လာခဲ့တဲ့ မီနာဝါအာကလဲ မိသားစုဖိအားတွေကြောင့် အနုပညာလမ်းကြောင်းမှာ အဟန့်အတားတွေကြုံတွေ့နေရပါတယ်။ ဒီအမျိုးသမီး ၃ ဦးဟာ မတူညီတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရပေမဲ့ တစ်ဦးကိုတစ်ဦးဖေးမကူညီရင်း သူတို့ရဲ့ဘဝပန်းတိုင်တွေကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းသွားကြပုံကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် Women empower ကိုထင်ဟပ်စေမဲ့စီးရီးလေးမို့ must watch ပါ‌ပဲနော်။ Total Episodes : 8 Quality : WEB-DL 1080p,720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း