Legends
Legends (2026) Season 01 (Complete) Netflix ကနေ ပူပူနွေးနွေး ထွက်ရှိလာတဲ့ British TV series တစ်ခု ဖြစ်ပါတယ်။ အပိုင်း ၆ ပိုင်း ပါဝင်ပြီး၊ ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ အကောက်ခွန်အရာရှိတွေရဲ့ မူး-ယစ်-ဂိုဏ်းတွေအပေါ် အသွင်ယူထောက်လှမ်းရမှု ဖြစ်ရပ်မှန် အကြောင်းအရာတွေကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်တယ်။ ဒီဖြစ်ရပ်တွေမှာ ပါဝင်ခဲ့သူတွေကို ကာကွယ်ပေးတဲ့အနေနဲ့ တချို့သော အချက်လေးတွေကိုသာ ပြောင်းလဲတင်ဆက်ထားတာ ဖြစ်တယ်။ ဇာတ်လမ်းကတော့ ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလ ဝန်ကြီးချုပ်သက်ချာလက်ထက်မှာ တရားမ-ဝင် မူး-ယစ်-ဆေး-ဝါး ရောင်းဝယ်မှုက အတော်လေး အခြေအနေဆိုးဝါးလာတဲ့အတွက် နိုင်ငံတွင်း ဘိ-န်း-ဖြူ ဝင်ရောက်မှုကို တားဆီးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်ထဲရေးဝန်ကြီးက အကောက်ခွန်ဌာနကို တာဝန်ပေးပါတော့တယ်။ အကောက်ခွန်ဌာနဟာ တကယ်တော့ အရင်းအမြစ်လည်းနည်း၊ ငွေကြေးထောက်ပံ့မှုလည်း မရှိ၊ လူအင်အားကလည်း မရှိတဲ့အပြင် ဆန္ဒပြုတဲ့ စေတနာ့ဝန်ထမ်းပေါ်လာရင်တောင် သူတို့က ထော-က်-လှမ်း-ရေးနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ မရှိပါဘူး။ ဒီတော့ ဌာနရဲ့ ညွှန်မှူးက လုပ်ပိုင်ခွင့်ပေး၊ ဘတ်ဂျက်တိုးပေး၊ လူအင်အားချပေး ဆိုပြီး တောင်းဆိုတာပေါ့။ ဒါပေမဲ့ အထက်က သူတို့ကို လုပ်ပိုင်ခွင့် တစ်ခုသာ အပြည့်အဝပေးခဲ့ပြီး တခြားသော ကိစ္စတွေကိုတော့ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ကြဆိုပြီး ခိုင်းလိုက်တယ်။ ဒီတော့ ညွှန်မှူးလည်း သုံးပတ်တာ လေ့ကျင့်ရေးတစ်ခု ဆင်းရမယ်၊ လာချင်တဲ့သူ ရှိရင်လာ၊ သင်တန်းရောက်မှ ဘာကိစ္စကိုစုံစမ်းရမလဲဆိုတာ ပြောပြမယ်၊ ရာထူးတိုးမလားဆို နိုး၊ လစာရောဆိုလည်း နိုး၊ အချိန်ပိုကြေး နေ့တွက်ခ ဘာဆိုဘာမှ မရ၊ နိုင်ငံ့တာဝန်ကို ထမ်းရွက်ဖို့အတွက် သီးသန့်ဆိုပြီး လေ့ကျင့်ရေးဆင်းဖို့ ခေါ်တာ၊ အရာရှိတွေက ရောက်တော့ ရောက်လာကြတယ်။ ပထမဆုံးနေ့တင် လက်လန်ပြီး ပြန်တဲ့လူတွေလည်း မနည်းမနော။ ဆန်ခါတင်ကျန်ခဲ့တဲ့လူကလည်း လက်တစ်ဖက်တည်းနဲ့တင် လက်ချိုးရေလို့ရတဲ့အထိပဲ။ အဲဒီလူတွေထဲမှာ ဂိုင်း ( Tom Burke ) ဆိုတဲ့လူက တစ်ချိန်ကလက်ဝှေ့သမားပေါ့။ စကားလည်းနည်းတယ်။ စ-စ်-ဆင်-ရေး ခေါင်းဆောင်က ပထမဆုံးအကြိမ် မစ်ရှင်တစ်ခု အစမ်း ပေးကြည့်တာ ရဲကိုပါ ဆွဲ-ထိုး-လိုက်လို့ စခန်းထဲ ညအိပ်ရတဲ့အထိပဲ။ ဒီတော့ သူက အကောက်ခွန်အရာရှိတွေထဲ တစ်ကိုယ်တော်လှုပ်ရှားရမယ့် အသွင်ယူထော-က်-လှမ်းရေးသမား ဖြစ်လာတယ်။ ဂိုင်းအပါအဝင် ၃ပတ်တည်း လေ့ကျင့်ရေးဆင်းလာတဲ့ အကောက်ခွန်အရာရှိတွေ ... အကာအကွယ်မပါ၊ ကျောထောက်နောက်ခံ မရှိ ဘာမရှိနဲ့၊ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်ကောင်အချက်အလက်တစ်ခုတည်းနဲ့ ... မူး-ယစ်-ဂိုဏ်းတွေထဲ ဘယ်လိုရောနှောဝင်ရောက်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာ ဖြစ်တယ်။ File size… (950 MB) / (350 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action & Adventure,Crime,Drama Duration…. 00:48:47 Subtitle…. Myanmar Subtitle (Hardsub)
အပိုင်းများ
6 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း