ဇာတ်ကားများ ရွေးရန်

M.I.A.

2026ဇာတ်လမ်းတွဲအမှတ် 9.0/10

M.I.A. (2026) Season (1 ) Complete အက်တာ တိုက်ဂါး ဂျုံးစ်ဆိုတဲ့ ကောင်မလေးက ဆောင်းဦးမှာ ကောလိပ်သွားတက်ဖို့အတွက် စောင့်ဆိုင်းရင်း မိသားစုလုပ်ငန်းမှာ ဝင်ကူပေးချင်တဲ့ မိန်းကလေးတစ်ယောက်ပေါ့။ စွန့်စားရတာ ကြိုက်တယ်၊ ဉာဏ်ကောင်းတယ်၊ လုပ်နိုင်စွမ်းရှိတယ်။ အဲဒါတွေကြောင့်ပဲ သူမရဲ့ မိခင်ဖြစ်သူက သူတို့ရဲ့ မိသားစုလုပ်ငန်းအမှန်ကို သမီးလေး အက်တာကို မပြောပြဘဲ ကောလိပ်ကိုပဲ အတင်းလွှတ်နေခဲ့တာ။ မမလေးကတော့ မိခင်ရဲ့ စေတနာကို နားမလည်ဘဲ သူ့အဖေ၊ သူ့အစ်ကိုတွေနဲ့အတူ မိသားစုလုပ်ငန်းဆိုတဲ့ သင်္ဘောထွက်ရတဲ့အလုပ်ကို ဝင်လုပ်ချင်တယ်။ တကယ့်တကယ် သူတို့မိသားစုက လင်မယားနှစ်ယောက်လုံးရော၊ သားကြီးနှစ်ယောက်ရော တက်ညီလက်ညီနဲ့ မူး-ယစ်-ဆေး-မှောင်-ခို-လုပ်ငန်းကို လုပ်နေကြတာ။ သယ်ယူပို့ဆောင်ရေးအပိုင်းကို အဓိကကိုင်တာပေါ့လေ။ ဒီလိုနဲ့ အလုပ်အကြီးကြီးတစ်ခုရလာတော့ အက်တာကို မခေါ်မဖြစ်တဲ့ အနေအထားမလို့ ဖခင်ဖြစ်သူက ခေါ်သွားတဲ့နေ့မှာ ကြမ္မာဆိုးဝင်တာပဲ။ အက်တာရဲ့ အတွေ့အကြုံမရှိမှု၊ မရင့်ကျက်မှုနဲ့ တစ်ဖက် မူး-ယစ်-ဂိုဏ်းရဲ့ ရက်စက်မှုတို့ ပေါင်းသွားတော့ တစ်မိသားစုလုံး အ-သ-တ်ခံရတော့တယ်။ သူတစ်ယောက်တည်းပဲ လွတ်သွားခဲ့တယ်။ သူ့တစ်မိသားစုလုံးကို ရက်ရက်စက်စက် သ-တ်ဖြ-တ်ခဲ့တဲ့ မူး-ယစ်-ဂိုဏ်းကို ရင်ဆိုင်ဖို့ဆိုရင် သူဟာလည်း တကယ့်အကောင်ကြီးကြီးဖြစ်မှ ရမယ်မလား။ ဒီတော့ သူမရဲ့ လက်စားချေမယ့် ခရီးစဉ်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်တယ်။

အပိုင်းများ

9 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း