ဇာတ်ကားများ ရွေးရန်

Soul Mate

2026ဇာတ်လမ်းတွဲအမှတ် 8.9/10

Soul Mate (2026) အပိုင်း (၁ မှ ၈) စ/ဆုံး အခုတစ်ခေါက်မှာတော့ 2PM အဖွဲ့ဝင် Ok Taec Yeon, ဂျပန်မင်းသား Isomura Hayato တို့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ Netflix ရဲ့ BL ဇာတ်လမ်းတွဲအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... ဒီကားလေးထဲမှာတော့ Berlin, Seoul နဲ့ Tokyo မြို့ကြီးတွေရဲ့ အလှအပတွေ Cinematic တွေကို တစ်ဝကြီး ခံစားနိုင်မှာဖြစ်ပြီး ဆွေးဆွေးမြည့်မြည့်ကြည့်ရမယ့် ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း အချစ်ဆုံး သူငယ်ချင်းဖြစ်သူရဲ့ ဘဝကို ဖျက်ဆီးခဲ့မိပြီးနောက်မှာ နာရူတာကီ(Isomura Hayato) ဟာ အရာအားလုံးကို ကျောခိုင်းစွန့်ပစ်ခဲ့ပြီး ဂျပန်နိုင်ငံကနေ ထွက်လာခဲ့ပါတယ်... နိုင်ငံခြားက ဘုရားကျောင်းတစ်ကျောင်းမှာ သေလုမြောပါး ဖြစ်နေခဲ့တဲ့ နာရူတာကီကို ကိုရီးယားလူမျိုး လက်ဝှေ့သမားဖြစ်တဲ့ ဟွမ်ဂျိုဟန်(Ok Taec Yeon )က ကယ်တင်ခဲ့ပါတယ် .. ကုစားလို့မရနိုင်တဲ့ နက်နဲတဲ့ စိတ်ဒဏ်ရာတွေကိုယ်စီ ရှိနေကြတဲ့ .. အထီးကျန်နေတဲ့ ဝိညာဉ်နှစ်ခုဟာ တစ်ယောက်ကိုတစ်ယောက် ဆွဲငင်မိကြရင်း .. တစ်ယောက်အတွက်တစ်ယောက် မရှိမဖြစ် "Soul Mate" တွေဖြစ်တဲ့အခါမှာတော့ .. တစ်ခါတလေမှာ အရင်းနှီးဆုံးလူတွေထက် လူစိမ်းတစ်ယောက်က ပိုပြီး ကိုယ့်ကို နားလည်ပေးနိုင်မလား ဘာလင်မြို့ ဆိုးလ်မြို့နဲ့ တိုကျိုမြို့တွေမှာ သူတို့ ၂ ယောက်အတွက် မေ့မရတဲ့ နာကျင်မှု ခံစားချက်တွေ အဆုံးမရှိ ပျော်ရွှင်မှုတွေကို ခံစားရင်း အချင်းချင်း တစ်ယောက်ကို တစ်ယောက် ဘယ်လိုဖေးမကူညီသွားမလဲဆိုတာကို .. ဒီ 2026 မှာမှ အသစ်ထွက်ရှိထားတဲ့ ကိုရီးယား-ဂျပန် BL ဇာတ်လမ်းတွဲလေး Soul Mate မှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် .. Episodes: 08 Aired: May 14, 2026 Aired On: Thursday Original Network: Netflix Genres: Romance, Drama

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း