ဇာတ်ကားများ ရွေးရန်

Berlin and the Lady with an Ermine

2026ဇာတ်လမ်းတွဲအမှတ် 6.8/10

Berlin and the Lady with an Ermine (2026) Season 01 (စ/ဆုံး) နာမည်ကြီး Money Heist စီးရီးရဲ့ Prequel - Berlin စီးရီးရဲ့ ဒုတိယစီဇင်ကတော့ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီစီဇင်ရဲ့ ဇာတ်လမ်းအစမှာ ဘာလင်နဲ့ ဒါမီယန်တို့နှစ်ဦးသား ကမ္ဘာလှည့်ခရီးတစ်ခု ထွက်ပြီးနောက် စပိန်နိုင်ငံ၊ ဆဗီးလ်မြို့မှာ အကြီးစား ဖော-က်-ထွ-င်း-ခိုး-ယူ-မှုပြုဖို့ ကြံစည်ကြတယ်။ ပစ်မှတ်ကတော့ ဘီလျံနာ မြို့စားကြီး Alvaro Hermoso de Medina ရဲ့ အမျိုးသမီးပေါ့လေ။ သူမ နေထိုင်တဲ့ နန်းတော်ကြီးဆီ ဘာလင်တစ်ယောက် လိုက်သွားပြီမှ သိလိုက်ရတာ မြို့စားကြီးက သူ့ရဲ့ အချောအလှ ဇနီးသည်လေးနဲ့ မျှားပြီး ဘာလင်ကို အလုပ်တစ်ခု အပ်ချင်နေတာပဲ။ ဘာလင်ကို သူဘယ်လောက် သဘောကျကြောင်းတွေပြောပြီး ဘာလင်ခိုးဖူးတဲ့ အနုပညာလက်ရာတွေလည်း ထုတ်ပြတာပေါ့။ မြို့စားကြီး ခိုးစေချင်တဲ့ အနုပညာလက်ရာကတော့ ဒါဗင်ချီ ရေးဆွဲခဲ့ဖူးတဲ့ The Lady with an Ermine ဆိုတဲ့ ပုံတူပန်းချီကားတစ်ခု။ ဘာလင်တစ်ယောက်ရှေ့တွင်တော့ ယဉ်ယဉ်ကျေးကျေးနဲ့ စဉ်းစားလိုက်ပါဦးမယ်လို့ စကားလက်ခံလာခဲ့ပေမယ့် သူလှည့်စားခံလိုက်ရတဲ့အတွက် မကျေမချမ်း ဖြစ်ပြီး ပြန်လာတာ။ ဒီတော့ ပန်းချီကားကိုလည်း ခိုးမယ်၊ မြို့စားကြီးရဲ့ စုဆောင်းမှုထဲက ပစ္စည်းတွေကိုလည်း ခိုးမယ်ဆိုပြီး အကြံကြီးကြံတော့တယ်။ Double Heist လုပ်မှာပေါ့လေ။ သူနဲ့အတူ ကေလာ၊ ဒါမီယန်၊ ကမ်းမရွန်၊ ရွိုင်းနဲ့ ဘရုစ်တို့ ပါဝင်မှာဖြစ်ပြီး ကန်ဒဲလားဆိုတဲ့ အမျိုးသမီးတစ်ဦးလည်း ထပ်မံပါဝင်လာပါသေးတယ်။ ဒီစီးရီးမှာရော အချစ်ရေးပြဿနာတွေနဲ့ စိတ်ခံစားချက် အရှုပ်အထွေးတွေ ပါဝင်လာဦးမှာလား။ သေချာတာကတော့ ဘာလင်ရဲ့ ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်၊ စရိုက်နဲ့ စတိုင်ကျကျ ခိုးယူမှုတွေကို အမိုက်စားမြင်တွေ့ရမှာပါပဲ။ File size… (900 MB) / (500 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Episode... 8 Genre…. Crime, Drama, Thriller Duration…. 50min Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း