The Heir
ပရိသတ်တို့ကို ယခုတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ Historical ကိုမှ Business ဆန်ဆန် story line အပေါ်မှာ Romance ပါးပါးလေးအုပ်ထားတဲ့ဇာတ်အိမ်လေးပါ။ ဇာတ်လမ်းထဲမှာ မင်လုပ်ငန်းခွင်ထဲက အားပြိုင်မှုတွေနဲ့ မိသားစုဂုဏ်သိက္ခာပြန်လည်ဆယ်တင်ပုံတွေကို ရိုက်ကူးပြထားတဲ့အပြင် အဓိကဇာတ်ဆောင်တွေအဖြစ် Yang Zi နဲ့ Elvis Han တို့က ပါဝင်ထားကြတာမို့ Historical series ကောင်းတစ်ခုကို မြင်တွေ့ရမှာပါနော်။ ဇာတ်လမ်းအညွှန်း >>> မင်မင်းဆက်အလယ်ပိုင်းကာလမှာ Tribute-ink နဲ့ပတ်သက်တဲ့အရှုပ်တော်ပုံတစ်ခုကြောင့် နာမည်ကျော် ဟွေကျိုး မင်လုပ်ငန်းလောကကြီး တစ်ခုလုံး လှုပ်ခတ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် နှစ်ပေါင်းရာချီနာမည်ကြီးခဲ့တဲ့ လီမိသားစုဟာလည်း ဂုဏ်သိက္ခာတွေကျဆင်းပြီး ပျက်သုဉ်းလုနီးပါး ဖြစ်သွားခဲ့ရရှာပါတယ်။ အဲဒီနောက်မှာတော့ လော့မိသားစုက အစားထိုး အာဏာရလာခဲ့ပေမဲ့ သူတို့လည်း တိုင်းရေးပြည်ရာပတ်သက်မှုတွေကြောင့်ပဲ ပျက်စီးသွားခဲ့ရပြန်ပါတယ်။ အချိန်တွေကြာလာတဲ့အခါမှာတော့ လီမိသားစုရဲ့အဋ္ဌမမြောက်အနွယ်က အငယ်ဆုံးသမီးလေး လီကျိန်းဟာ ဝမ်းစာအတွက် မင်လုပ်ငန်းထဲကို စတင်ခြေချခဲ့ပါတယ်။ သူ့ပါရမီနဲ့ကြိုးစားမှုကြောင့်ပဲ ဟွေကျိုးမင်လောကမှာ မထင်မှတ်ဘဲ အောင်မြင်ကျော်ကြားလာခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း လော့မိသားစုရဲ့ဒုတိယသား လော့ဝိန်ချန်းဟာ မိသားစုရဲ့စည်းစိမ်တွေကို ပြန်လည်ရယူဖို့အတွက် အကွက်ကျကျစီစဉ်ရင်း မင်လောကကြီးတစ်ခုလုံးကို ကိုင်လှုပ်လိုက်ပြန်ပါတယ်။ နောက်ဆုံးမှာတော့ လီကျိန်းနဲ့လော့ဝိန်ချန်းတို့ဟာ အင်အားကြီးလာတဲ့ထျန်းမော့မိသားစုကို ယှဉ်ပြိုင်အနိုင်ယူဖို့အတွက် ဉာဏ်ချင်းပြိုင်ပြီး လက်တွဲတိုက်ပွဲဝင်ခဲ့ကြပါတော့တယ်။ ဒီဇာတ်လမ်းက Period Drama ပီပီ ရှေးဟောင်းလက်မှုလုပ်ငန်းကိုအခြေခံပြီး မိသားစုတွေကြားက အာဏာလုပွဲတွေကို အသားပေးထားတာပါ။ ဒါ့အပြင် မင်လုပ်ငန်းရဲ့လျှို့ဝှက်ချက်တွေနဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ပျက်စီးသွားတဲ့မိသားစုကြီးနှစ်ခုက မျိုးဆက်သစ်တွေပေါင်းစည်းပြီး တခြားရန်သူကိုတိုက်ထုတ်တာက စိတ်ဝင်စားဖို့ကောင်းတဲ့အလှည့်အပြောင်းမို့ ကြည့်ရှုရင်း စိတ်ဝင်စားစီးမြောသွားမှာ အသေအချာပါပဲ ပြိတ်သတ်ရေ။ Total Episodes : 40 Quality : WEB-DL 4K HEVC , 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
42 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း