ဇာတ်ကားများ ရွေးရန်

Singto Lam Sing (aka) Dance of the Lion

2026ဇာတ်လမ်းတွဲ

ကေသရာဇာရဲ့ အားမာန် သောင့်လိုခေါ်တဲ့ အီဆန်ကောင်မလေးရဲ့ မိသားစုဟာ စင်တိုကင်ဟန်အကအဖွဲနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုနေကြပါတယ် သူမဖခင် ချလစ်ဆိုသူက သူတိုနေထိုင်ရာ ဒီဘုံကျောင်းနားကမြေကို လိုချင်သူများနဲ့ ရောင်းဝယ်ရေးပိုင်း အချေအတင်ရှိထားသူလည်း ဖြစ်တယ် အရင်းရှင်တိုကုမ္ပဏီက အဲဒီဘုံကျောင်းတစ်ဝိုက်မှာ ကုန်တိုက်ကြီးဆောက်လုပ်ဖို ချလစ်တိုမြေကို လိုချင်နေတာပါ ဒီလို မြေလုံးဝမရောင်းပေးတဲ့ချလစ်တို မိသားစုဟာ နေ့ရှိသရွေ့ နှိပ်စက်ဒဏ်တွေကို ခံနေရပါတယ် ဒီကုမ္ပဏီပိုင်ရှင်ဟာ နထီရဲ့ဖခင်ပိုင်ဆိုင်တာဖြစ်တာကြောင့် နထီကလည်း ဒီပရောဂျက်အတွက် မြေရှင်နဲ့ညှိနှိင်းတဲ့ အဆင့်မှာရှိနေပါတယ် နထီဟာ သောင့်တိုနေရာအရပ်မှာ နေထိုင်ရင်း ချဉ်းကပ်ကာ မြေရောင်းဖိုဖျောင်းဖျမယ်လို ကြံစည်ထားသော်လည်း သောင့်အဖေ ချလစ်ဟာ အကပွဲဖျော်ဖြေမဲ့နေ့မှာ မတော်တဆမှုဖြစ်ခဲ့ရာမှာတော့ သောင့်က သူမ မိသားစုနဲ့ဒီအဖွဲကို တခြားနေရာဆီ ပြောင်းရွေ့ရင်းနဲ့ ဒီရိုးရာကို ဘယ်လိုထိန်းသိမ်းသွားမလဲ အရင်းရှင်သား နထီကရော မြေဝယ်ဖိုချဉ်းကပ်ရာကနေ သောင့်နဲ့ဘယ်လိုနှောင်ကြိုးသွယ်သွားမလဲ ရသတွေမျိုးစုံပါတဲ့ ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုသွားရအောင်ပါ

အပိုင်းများ

28 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 28 အပိုင်း

ဇာတ်လမ်းအကြောင်း