ဇာတ်ကားများ ရွေးရန်

Twin Fire Dawn

2026ဇာတ်လမ်းတွဲ

ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ သံသယတွေ၊ ကလဲ့စားချေမှုတွေနဲ့ အကွက်စိပ်စိပ်အားပြိုင်မှုတွေကိုပါ အသေအချာဖော်ညွှန်းရိုက်ကူးထားတဲ့ Mini Series ပုံစံလေးပါ။ အစက ရန်သူလိုမျိုး အပြန်အလှန်သံသယဝင်ရာကနေမှ တဖြည်းဖြည်း အမှန်တရားကိုသိပြီး အချစ်ဆုံးသူတွေ ဖြစ်သွားကြမယ့် Slow-burn ပုံစံကိုမှ Romance ပါးပါးလေးတွေ အုပ်ထားပေးလို့ ပရိသတ်တို့ ကြိုက်ကြအုံးမဲ့ဇာတ်အိမ်မျိုးလေးဖြစ်ပါတယ်။ MC တွေအဖြစ် He Xuan Lin နဲ့ Yan Zi Xian တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >>> စစ်အရာရှိတစ်ယောက်ရဲ့ရုပ်သွင်ကို အသုံးချပြီး ရုပ်ဖျက်ထားတဲ့အမြွှာညီအစ်ကိုနှစ်ယောက်ဟာ ကျွမ်းမိသားစုတစ်ခုလုံးကို ရက်ရက်စက်စက်သတ်ဖြတ်ပစ်ခဲ့ကြပါတယ်။ ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုထဲကနေ တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်သူကတော့ ကျွမ်းယွင်ချိုးဆိုတဲ့ မိန်းမငယ်လေးပါ။ ဒါကြောင့် သူဟာ မိသားစုအတွက် ကလဲ့စားချေဖို့ အဲဒီစစ်အရာရှိကြီးရဲ့သမီးအဖြစ်ရုပ်ဖျက်ပြီး စစ်မှုရေးရာအရာရှိအိမ်တော်ထဲကို ဇနီးအဖြစ် လက်ထပ်ဝင်ရောက်ခဲ့ပါတော့တယ်။ ဒါပေမဲ့ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ကျွမ်းယွင်ချိုးတစ်ယောက် တစ်ခုခုလွဲမှားနေမှန်းရိပ်မိလာပြီး လက်ရှိစစ်အရာရှိရာထူးကို ရယူထားတဲ့သူဟာ တကယ်တော့ အမြွှာညီအစ်ကိုထဲကတစ်ယောက်က ရုပ်ဖျက်ထားတာကို သိသွားခဲ့ပါတယ်။ အတိတ်က နာကျင်စရာတွေနဲ့အတူ လက်စားချေဖို့ကြိုးစားနေကြတဲ့ဒီလူနှစ်ယောက်ဟာ တစ်ဖက်နဲ့တစ်ဖက်မယုံကြည်နိုင်ဘဲ အပြန်အလှန်စမ်းသပ်စစ်ဆေးရာကနေ မထင်မှတ်ဘဲ သံယောဇဉ်တွေ တဖြည်းဖြည်းတိုးလာခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက် လက်တွဲပြီး အာဏာရှိသူတွေရဲ့မကောင်းမှုတွေကိုဖော်ထုတ်ကာ ချစ်ရတဲ့ဒေသရဲ့ငြိမ်းချမ်းရေးကို အတူတူကာကွယ်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဇာတ်လမ်းက Republic Era ကို နောက်ခံထားတာဖြစ်သလို ရုပ်ဖျက်ပြီး အတုအယောင်လက်ထပ်ထားတဲ့ဇာတ်အိမ်ဇာတ်ကွက်မို့လို့ တကယ့်ကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါနော်။ Total Episodes : 30 Quality : WEB-DL 1080p Format : mp4 Genres : Drama Runtime : 15 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

30 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 30 အပိုင်း

ဇာတ်လမ်းအကြောင်း